4) Quotientတွေအကြောင်း

633 66 0
                                    

စိတ်ပညာရှင်တွေရဲ့ သတ်မှတ်ချက်အရဆိုရင် ဉာဏ်ပညာလေးမျိုးရှိပါတယ်။ ကျနော်တို့ အများဆုံးသိကြတာက IQအကြောင်းပါ။ မင်းက IQနှိမ့်တာကို‌တို့ ဘာတို့ ပြောဆိုကြတဲ့အထဲက IQကိုပြောတာပါ။ အဲ့ဒီလေးမျိုးက

၁) Intelligence Quotient (IQ) - သင့်ရဲ့ နားလည်နိုင်မှု အဆင့်ကို တိုင်းတာတဲ့အရာဖြစ်ပါတယ်။ သချာ်ပုစ္စာတွေကို ဖြေရှင်းနိုင်ဖို့တို့၊ ကိစ္စတွေကို မှတ်သားဖို့တို့ သင်ခန်းစာတွေကို ပြန်ခေါ်ဖို့တို့ဆိုတာ IQလိုပါတယ်။

၂) Emotional Quotient (EQ)-ဆိုတာကတော့ တခြားသူတွေနဲ့ ငြိမ်းချမ်းစွာနေထိုင် ပူးတွဲနေနိုင်တက်ဖို့၊ တာဝန်ယူမှုရှိဖို့၊ ရိုးသားဖို့၊ ဘောင်တွေတန်းတွေ ခွဲတက်ဖို့၊ ရိုကျိုးတက်တာ၊ သူများတကာကို စဉ်းစားပေးတာ၊ သဘောကောင်းတာတို့လိုမျိုး အရည်အသွေးရှိမှုတွေကို တိုင်းတာတဲ့ အရာဖြစ်ပါတယ်။

၃) Social Quotient (SQ)ဆိုတာက သူငယ်ချင်းအပေါင်းအသင်း မိတ်ဆွေ ကွန်ရက်တစ်ခုကို အချိန်အကြာကြီး ထိန်းသိမ်းပြီးတော့ တည်ဆောက်ထားနိုင်မှုကို တိုင်းတာတဲ့ အရာဖြစ်ပါတယ်။

EQနဲ့ SQမြင့်တဲ့သူတွေက IQသာမြင့်ပြီး EQနဲ့ SQနှိမ့်တဲ့သူတွေ ထက် ဘဝမှာ ပိုပြီးအောင်မြင်တက်ပါတယ်။ ‌စာ‌သင်ကျောင်းအများစာမှာ IQ levelsမြင့်စေဖို့ကိုသာ အာရုံပိုစိုက်နေကြပြီး EQနဲ့ SQရဲ့ အခန်းကဏ္ဍကို လျော့တွက်ထားကြပါတယ်။

IQမြင့်တဲ့သူက ပုံမှန်IQသာရှိပေမယ့် EQနဲ့ SQမြင့်တဲ့သူဆီမှာ အလုပ်လုပ်ရသူအဖြစ် ရောက်ရှိနိုင်ပါတယ်။
(A/N- ဒါက တိုက်ရိုက်ဘာသာပြန်တာမို့ ကျနော့်သဘောထားမဟုတ်သလို ထာဝရအမှန်တရားတစ်ခုဖြစ်ရမယ်လို့လဲ မဟုတ်ပါဘူ။ မူရင်းစာရေးသူရဲ့အမြင်သာဖြစ်မယ်လို့ ထင်မိပါတယ်)

သင့်ရဲ့ EQက သင့်ရဲ့ အကျင့်စာရိတ္တကို ဖော်ပြပြီးတော့ SQကတော့ သင့်ရဲ့ ပုံရိပ်ကို ဖော်ပြပါတယ်။

‌အခု နောက်ထပ် နောက်ဆုံးပေါ် ပါရာဒိုင်းတစ်ခုဖြစ်တဲ့ လေးခုမြောက် Qကတော့

၄) The Adversity Quotient (AQ)- ဘဝရဲ့ ကြမ်းတမ်းတဲ့ လမ်းကြောင်းကို လျှောက်ရင်း သင့်ရဲ့ စိတ်ကို ရူးမသွားအောင် ထိန်းထားနိုင်တဲ့ အရည်အသွေးကိုတိုင်းတာတဲ့ AQပါ။

ပြသနာတွေ အခက်အခဲတွေနဲ့ ရင်ဆိုင်ရတဲ့အခါ AQက ဘယ်သူက အရှုံးပေးမယ် ဘယ်သူကတော့ မိသားစုကို စွန့်ခွာတယ် ဘယ်သူကတော့ ကိုယ့်ဟာကိုယ် အဆုံးစီရင်မယ်တို့ကို ဆုံးဖြတ်ပါတယ်။

မိဘတွေအနေနဲ့ သူတို့ကလေးတွေကို အတန်းပညာရေးထက် တခြားအရာတွေနဲ့လဲ ထိတွေ့ပေးဖို့ကို လိုအပ်ပါတယ်။ သူတို့အနေနဲ့ အလုပ်တွေကို ကိုယ်တိုင်လုပ်စေတာမျိုး("အလုပ်"ဆိုတဲ့စကားလုံးက်ု အပြစ်ပေးတဲ့ ပုံစံတစ်ခုအနေနဲ့ ဘယ်တော့မှ မသုံးသင့်ပါ)၊ ၊အားကစားနဲ့ အနုပညာတွေမှာ အားပေးတာမျိုးတွေ လုပ်သင့်ပါတယ်။

သူတို့ရဲ့ IQတွေကိုသာ ဖွံဖြိုးစေရုံမဟုတ်ပဲနဲ့ EQ၊ SQ၊နဲ့ AQတွေကိုပါ အညီလိုက်ပြီး ဖွံဖြိုးစေအောင် ကြိုးစားရမှာပါ။ သူတို့မိဘတွေရဲ့ အမှီအခိုကင်းစွာနဲ့ ကိစ္စတော်တော်များများကို ပြုလုပ်နိုင်တဲ့ လူသားလေးများဖြစ်လာစေသင့်ပါတယ်။

နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ သင့်ရဲ့ ကလေးအတွက် လျှောက်မဲ့လမ်းကို မပြင်ဆင်ပေးပါနဲ့။ လျှောက်လမ်းအတွက် သင့်ရဲ့ ကလေးတွေကို ပြင်ဆင်ပေးပါ။

စိတ်ရောဂါ နှင့် စိတ်ရောဂါအဆက်အစပ်များWhere stories live. Discover now