အရမ်း(အရမ်း)ကို ရှားပေမယ့် အလွန်ကြောက်ဖို့ကောင်းတဲ့ Boanthropyဆိုတဲ့ရောဂါကတော့ ခံစားရတဲ့သူက သူ့ကိုယ်သူနွားပါလို့ထင်နေတဲ့ ရောဂါပါ။ အတော်ကို ခွကျတဲ့ အခြေအနေပါ။ ဒီရောဂါဖြစ်တဲ့သူကို သတိထားမိဖို့ကမခက်ပါဘူး။ လေးဖက်ကြီးထောက်ပြီး မြက်တွေကို ဝါးနေရင် Boanthropyရောဂါသည်ကို တွေ့ပြီမှတ်ပါ။ သူတို့က လုံးဝကို သူတို့်ကို သူတို့ နွားလို့ထင်ပြီး လေးဘက်ကြီးထောက်ပြီး လျှောက်သွား လျှောက်စားလုပ်နေတက်ပါတယ်။
အကြော်ကြားဆုံး ရောဂါသည်ကတော့ သမ္မကျမ်းစားလာ ကမ္ဘာပျက်ကိန်းအကြောင်းစာအုပ် Book of Daniel ထဲမှာပါတဲ့ Nebuchadnezzarဆိုတဲ့ဘုရင်ပါ။ ''လူတွေဆီကနေ မောင်းခံရပြီး နွားထီးများနှယ် မြက်စားရ၏''လို့ ဖော်ပြထားတယ်။
YOU ARE READING
စိတ်ရောဂါ နှင့် စိတ်ရောဂါအဆက်အစပ်များ
Non-Fictionစိတ်ရောဂါတွေနဲ့ သူနဲ့ ဆက်စပ်တာတွေ တခါတလေ မဆက်စပ်တဲ့ရောဂါတွေအကြောင်းပါ။ စိတ်ရောဂါတွေအကြောင်း တချို့သော အရူးတွေအကြောင်းနဲ့ စိတ်ရောဂါဆိုင်ရာ ဆောင်ပါးတွေကို ကျနော် သဘောကျသလို စီစဉ် ဘာသာပြန်ထားတဲ့ စာအုပ်ပါ။