Pedophilic Disorderဆိုတာက Paraphiliaတစ်ခုဖြစ်ပြီးတော့ ယျေဘုယျ အသက် ၁၃နှစ်အောက် ကလေးငယ်လေးတွေအပေါ်မှာ လိင်စိတ်သာယာမှု လိင်အတွေး စိတ်ကူးရှိမှုနဲ့ ကိုယ်ထိလက်ရောက် ကျူးလွန်တက်တဲ့ စိတ်ရောဂါတစ်ခုပါ။
DSM-5(Diagnostic and statistical manual of mental disorder)ဆိုတဲ့စာအုပ်ထဲမှာ pedophiliaကို (ယေဘုယျ ၁၃နှစ်ထက်ငယ်တဲ့)ကလေးငယ်များအပေါ်လိင်စိတ်ကြွမှု လိင်စိတ်ပြင်းပြလိုချင်မှု သို့မဟုတ် အပြုအမူတွေဟာ ခြောက်လ သို့မဟုတ် ပိုပြီးတော့ကြာတဲ့ကာလတွေမှာ ထပ်ခါတလဲလဲ ကြံစည် သို့မဟုတ် ကျူးလွန်ရင် Pedopilic disorderရှိသူလို့ ယူဆပါတယ်။ ကျူးလွန်သူက အနည်းဆုံး ၁၆နှစ်ရှိရမှာဖြစ်ပြီးတော့ အကျူးလွန်ခံရသူထက် အနည်းဆုံး ၅နှစ်ကြီးရမှာဖြစ်ပါတယ်။ ဆိုလိုတာက ကလေးအချင်းချင်း ကြိုက်တာမျိုးက Pedophilic Disorderမဟုတ်ပာဘူး။ ဆိုတော့ ဒီစိတ်ရောဂါက ယျောကျာင်္းတွေမှာ ပိုပြီးတွေ့ရပါတယ်။
ကျူးလွန်သူအများစုက ယောကျာင်္းတွေဖြစ်ပြီးတော့ ကျူးလွန်ခံရသူက မိန်းကလေးဖြစ်နိုင်သလို ယျောကျာင်္းလေးလဲဖြစ်နိုင်ပါတယ်။
ဒီစိတ်ရောဂါရှိသူတွေရဲ့ ပမာဏကိုတော့ ဘယ်သူမှ အတိအကျမသိပါဘူး။ အဖြစ်နိုင်ဆုံးက ယောကျာင်္းလေးထုကြီးရဲ့ 3%ကနေ 5%ထိဖြစ်ပြီး မိန်းကလေးထုမှာတော့ နည်းလွန်းတဲ့ ပမာဏပဲရှိပါတယ်။
ဒီစိတ်ရောဂါရှိသူတွေမှာ ရောဂါဖြစ်ကြောင်းကို ဖွင့်ပြောပြီး အကူအညီတောင်းခံသူ ရှားပါတယ်။ ဆိုတော့ Pedopileတစ်ယောက်ဆိုတာကို ကြည့်ရုံနဲ့မသိနိုင်ပါဘူး။ သာမန်လူတွေကြားထဲမှာ သွားလာနေနိုင်သလို အောင်မြင်ကျော်ကြားသူတွေ နိုင်ငံရေးမှာ ထိပ်ပိုင်းရောက်နေသူတွေတောင် ဖြစ်နိုင်ပါသေးတယ်။
တချို့ Pedopilieတွေဟာ ကလေးအောကား(child pornography)၊ ကလေးဓာတ်ပုံတွေ၊ ကလေးအောက်ခံတွေ စတာတွေနဲ့ စိတ်ဖြေဖျောက်ပေမယ့် တချို့က ကိုယ်တိုင်ကျူးလွန်ပြီးမှာ ဆန္ဒပြေပျောက်တာတွေရှိပါတယ်။ တချို့ကတော့ ဘဝတစ်လျှောက်လုံး ကိုယ့်စိတ်ကို ထိန်းသွားသူတွေလဲရှိပါတယ်။
Pedophilaကို ဖြစ်ရတဲ့အကြောင်းကတော့ အတိအကျမသိရပါဘူး။ မွေးရာပါ လိင်စိတ်တိမ်းညွှတ်မှုတစ်ခုလဲဖြစ်ပါတယ်။
မိသားစုမျိုးရိုးလိုက်ပာတယ်ဆိုတဲ့ သက်သေတွေရှိပေမယ့် ဗီဇကြောင့်လား ပတ်ဝန်းကျင်ကြောင့်လားဆိုတာကိုတော့ မသဲကွဲပါဘူး။ငယ်စဉ်က (child abuse)အနိုင်ကျင့်ခံရမှုဟာလဲ Pedopiliaဖြစ်နိုင်တဲ့အချက်တစ်ခုထဲမှာပါပေမယ့် သက်သေပြလို့ရတဲ့အချက်တော့မဟုတ်ပါဘူး။ ကျူးလွန်သူတွေဟာ ငယ်စဉ်က လိင်အသားယူမှု ခံရသူ သို့မဟုတ် အထီးကျန်လွန်းသူ၊ မိသားစု သူငယ်ချင်းတွေကနေ ပစ်ပယ်ခံရသူ၊ အသေအလဲ အရိုက်အနှက် အနှိပ်ဆက်ခံရသူတွေ ဖြစ်နေတက်ပါတယ်။
အပြုအမှုလေ့လာမှုပုံစံ( Behavioral learning models )တွေက အကြံပြုတာကတော့ အကျူးလွန်ခံရတဲ့ကလေး(victim)တွေ ဒါမှမဟုတ်ရင် မသင့်တော်တဲ့ လိင်ကိစ္စတွေကို မျက်မြင်တွေ့လိုက်ရတဲ့ ကလေးဟာ သင်ယူထားပြီး တူညီတဲ့အပြုအမူတွေကို မှတ်သားထားခဲ့တယ်။ နောက်ပိုင်းမှာ လိင်ပိုင်းဆိုင်ရူ အထိအတွေ့တွေနဲ့ ဆက်စပ်လာပြီး ထို Pedopiliaလိင်ဖြေဖျောက်မှုတွေဆီကို ကူးလာပါတယ်။
တစ်သီးပုဂ္ဂလလူတစ်ဦးဟာ အရွယ်ရောက်ချိန်မှာ ကလေးတွေအပေါ်စိတ်ဝင်စားမှုကို သတိထားမိလာနိုင်ပါတယ်။ Pedopiliaဟာ ဘဝတစ်ခုထိ ကြာမြင့်တဲ့ ရောဂါဖြစ်ပြီး အရှင်းပျောက်အောင် ကုလို့မရနိုင်ပါဘူး။
Pedopiliaဟာ ကုသလို့မရပေမဲ့ လျှော့ချလို့ရတဲ့ ကုထုံးများစွာရှိပါတယ်။ နောက်မှ ထက်ရေးပါ့မယ်။
ကိုးကားများ;
Wiki
psychologytoday.comကံကောင်းထောက်မစွာပဲ Pedophilieတစ်ယောက်အကြောင်းရေးထားတဲ့စာအုပ်တစ်အုပ်က wattpad ပေါ်မှာ မြန်မာဗားရှင်းနဲ့ရှိနေပါတယ်။
@invisible_clover ရဲ့
FIENGဆိုတဲ့ ဝတ္ထုပါ။
https://my.w.tt/4yLNSrq0oO
Pedoအကြောင်းနဲ့ pedosexualတစ်ယောက်ရဲ့စိတ်ကို ပိုသိချင်ရင် အဲ့ဒီဝတ္ထုကို ဖတ်ကြည့်ဖို့ အကြံပြုပါတယ်။
YOU ARE READING
စိတ်ရောဂါ နှင့် စိတ်ရောဂါအဆက်အစပ်များ
Non-Fictionစိတ်ရောဂါတွေနဲ့ သူနဲ့ ဆက်စပ်တာတွေ တခါတလေ မဆက်စပ်တဲ့ရောဂါတွေအကြောင်းပါ။ စိတ်ရောဂါတွေအကြောင်း တချို့သော အရူးတွေအကြောင်းနဲ့ စိတ်ရောဂါဆိုင်ရာ ဆောင်ပါးတွေကို ကျနော် သဘောကျသလို စီစဉ် ဘာသာပြန်ထားတဲ့ စာအုပ်ပါ။