Kleptomaniaဆိုတာက မခိုးရမနေနိုင်တဲ့ စိတ်ရောဂါပါ။
ပစ္စည်းတစ်ခုကို လိုလဲ မလိုအပ်ဘူး။ ဝယ်မယ်ဆိုရင် ဝယ်ဖို့ ပိုက်ဆံအလုံအလောက် ရှိတယ်။ ဒါပေမယ့် သူတို့အဖို့တော့ ဘယ်လိုမှမနေနိုင်ဘူး။ ခိုးလိုက်ရမှာ ကျေနပ်သွားကြတယ်။ ပြီးတော့ အဲ့ဒီပစ္စည်းလေးတွေက ဘာမှကိုအဖိုးမတန်တဲ့ပစ္စည်းတွေလဲ ဖြစ်နေတက်ပြန်တာ။ အဲ့ဒီပစ္စည်းကို ရပြီးရင် လွှတ်ပစ်ရင်ပစ် မပစ်ရင် သူများပေးလိုက်တက်တယ်။ တချို့ဆို ယူလာတဲ့ နေရာကို သွားပြီး ပြန်ထားတက်ကြတယ်။
Kleptomaniaကိုခံစားရသူက မခိုးခင်မှာ ဘယ်လိုမှမနေနိုင်တဲ့ စိတ်ထဲမှာ တင်းအားတွေဖြစ်နေပြီးတော့ ခိုးလိုက်ပြီးတော့မှာပဲ ပျော်သွား စိတ်ကျေနပ်သွား စိတ်သက်သာရာရသွားတက်ကြတယ်။ ဒါပေမယ့် သူတို့က အဖမ်းခံရနိုင်တဲ့ အခြေအနေမျိုးမှာတော့ မလုပ်ဘူး။ ဥပမာ ရဲတွေရဲ့ မြင်ကွင်းထဲ cctvအောက်ရောက်နေတာတို့ စတဲ့အခြေအနေတွေမှာပေါ့။ သူတို့က စိတ်မသက်သာဖွယ်ရာတွေ ဖြစ်နိုင်မယ့် အခြေအနေတွေကို ရှောင်ရှားကြတယ်။
သူတို့ ခိုးမှုပြီးမြှောက်သွားပြီးတဲ့အခါမှာ စိတ်ကျရောဂါ ဒါမှမဟုတ် အပြစ်ရှိသလို ခံစားရတက်တယ်။
ဆိုတော့ ဖြစ်တက်တဲ့ အသက်အရွယ်တွေက အမျိုးမျိုးပဲ။ ကလေးဘဝထဲက စတာရှိသလို။ မြှီးကောင်ပေါက်မှာစတဲ့သူတွေရှိတယ်။ လူကြီးအရွယ်ရောက်မှ ဖြစ်တာတော့ ရှားပါတယ်။ မိန်းကလေးတွေက ပိုပြီး အဖြစ်များတယ်။
တချို့ဆရာဝန်တွေက Kleptomaniaကို OCDရဲ့ အစိတ်အပိုင်းလို့ယူဆကြတယ်။ Kleptomaniaက လူဦးရေအရတော့ အတော်ကို ရှားပါတယ်။ မြန်မာအဆိုအရဆိုရင် စောရနက္ခတ်နဲ့ မွေးတာတို့ ဘာတို့ပေါ့။
Kleptomaniaရှိတဲ့သူတွေဟာ ရှက်စိတ်ကြောင့် သူတို့ဘဝကို လျှို့ဝှက်စွာနေကြရသူတွေဖို့ စိတ်ရောဂါ ကုထုံးတွေကို ရှာပြီး ကုသတဲ့သူ နည်းပါတယ်။ Kleptomaniaဆိုတာက ကုသလို့မရဘူးဆိုပေမယ့် စကားပြောကုထုံး ဆေးဝါးကုထုံးတွေကတေယ့ လျော့ကျစေဖို့ကို အကူအညီပေးနိုင်ပါတယ်။
Kleptomaniaရဲ့ လက္ခဏာများနဲ့ အချက်အလက်များ
၁) မလိုအပ်တဲ့ ပစ္စည်းတစ်ခုကို ခိုးယူဖို့အတွက် ပြင်းထန်တဲ့ စိတ်တွန်းအားကို ဘယ်လိုမှ မလွန်ဆန်နိုင်တာ
YOU ARE READING
စိတ်ရောဂါ နှင့် စိတ်ရောဂါအဆက်အစပ်များ
Non-Fictionစိတ်ရောဂါတွေနဲ့ သူနဲ့ ဆက်စပ်တာတွေ တခါတလေ မဆက်စပ်တဲ့ရောဂါတွေအကြောင်းပါ။ စိတ်ရောဂါတွေအကြောင်း တချို့သော အရူးတွေအကြောင်းနဲ့ စိတ်ရောဂါဆိုင်ရာ ဆောင်ပါးတွေကို ကျနော် သဘောကျသလို စီစဉ် ဘာသာပြန်ထားတဲ့ စာအုပ်ပါ။