စိတ်ရောဂါတွေအကြောင်းကို unicodeနဲ့ ပြန်ရေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အရင်က ရေးထားတဲ့ပုံစံတွေကို မကြိုက်လို့ unicodeကို convertလုပ်ရုံတင်မဟုတ်ပဲ အစကနေပြန်ရေးဖို့ ကြိုးစားလိုက်ပါတယ်။
ကြိုတင်ပြီးပြောချင်တာက၁။ ကျနော် ဆရာဝန်တစ်ယောက်မဟုတ်ပါဘူး။ ဆေးပညာအကြောင်းကို နားမလည်ပါဘူး။ ဘိုလိုနားလည်တာကြောင့်၊ စာရေးတာ ဝါသနာပါတာကြောင့်နဲ့ ကိုယ်တိုင် စိတ်ရောဂါရဲ့ ဖိစီးတာကို ခံရဖူးတာကြောင့် ဒီစာအုပ်ကို ရေးလိုက်တာပါ။
၂။ ကျနော်က စိတ်ပညာ psychologyကို အဓိကလေ့လာခဲ့ဖူးတဲ့ ကျောင်းသားတစ်ယောက်မဟုတ်သလို ပညာရှင်လဲ မဟုတ်တာကြောင့် အသေးစိတ်မသိပါဘူး။
၃။ ကျနော်က trained psychiatristတစ်ယောက်မဟုတ်တဲ့အတွက်ကြောင့် ဒီစာအုပ်ရေးပြီးနောက်မှာ လာပြီး ဆွေးနွေးတဲ့ စိတ်ရောဂါကို တစိတ်တပိုင်း ဒါမှမဟုတ် လုံးလုံး ခံစားနေရသူတွေကို လမ်းညွှန်မပေးနိုင်ပါဘူး။
YOU ARE READING
စိတ်ရောဂါ နှင့် စိတ်ရောဂါအဆက်အစပ်များ
Non-Fictionစိတ်ရောဂါတွေနဲ့ သူနဲ့ ဆက်စပ်တာတွေ တခါတလေ မဆက်စပ်တဲ့ရောဂါတွေအကြောင်းပါ။ စိတ်ရောဂါတွေအကြောင်း တချို့သော အရူးတွေအကြောင်းနဲ့ စိတ်ရောဂါဆိုင်ရာ ဆောင်ပါးတွေကို ကျနော် သဘောကျသလို စီစဉ် ဘာသာပြန်ထားတဲ့ စာအုပ်ပါ။