6) Walking Corpse Syndrome

454 40 0
                                    

ဘာသာတိုက်ရိုက်ပြန်ရရင်တော့ လမ်းလျှောက်အလောင်းကောင်ကြီးစိတ်ရောဂါပေါ့။ Cotard delusionလို့ခေါ်ပါတယ်။
အလွန်တရာမှ တွေ့ရခဲတဲ့ စိတ်ရောဂါပါ။
ရောဂါကို ခံစားရသူဟာ ကိုယ့်ဟာကိုယ် သေပြီးသားလို့ ထင်နေတာမျိုး ဒါမှမဟုတ် အရေးကြီးကိုယ်တွင်းအင်္ဂါတစ်ခုခုမရှိတော့တာ ဒါမှမဟုတ် ခန္ဓာကိုယ်မှာရှိတဲ့ သွေးတွေအကုန် ဖျောက်ထုတ် ခံထားရတယ်လို့ ထင်နေတဲ့ စိတ်ရောဂါဖြစ်ပါတယ်။ တချို့တွေကတော့ ထာဝရအသက်ကို ရထားသူတွေလို့ ထင်တက်တယ်။

ဖြစ်တက်တာက စကီးနိုဖရီးဇီးယား(ရူးသွပ်)ရောဂါသည်တွေနဲ့ ခေါင်းတစ်ခုခုထိထားစူတွေမှာ ဖြစ်တက်ပါတယ်။

တခါက စကော့တလန်မှာ မော်တော်ဆိုင်ကယ်မတော်တဆမှုတစ်ခုမှာ ခေါင်းထိသွားတဲ့ လူငယ်တစ်ယောက်ဟာ သူ့ကိုယ်သူ သွေးထဲ အဆိပ်တစ်ခုခုဖြစ်နေတာနဲ့ AIDSရောဂါကြောင့် သူ့ကိုသူသေပြီးဆိုပြီး ဆေးရုံကနေ ထွက်ပြေးသတဲ့။ သိပ်မကြာခင်မှာ တောင်အာဖရိကကို သူ့အမေက ခေါ်သွားချိန်မှာတော့ သူ့ဝိဉာဉ် ငရဲကို အပို့ခံရပြီဆိုပြီး အခိုင်အမာကို ယုံကြည်နေတော့တယ်။ 

စိတ်ရောဂါ နှင့် စိတ်ရောဂါအဆက်အစပ်များWhere stories live. Discover now