5) OCD

578 55 0
                                    

တံခါး ပိတ်ရော ပိတ်မိရဲ့လားဆိုပြီး ခဏခဏသွားကြည့်မိတာမျိုး၊ မီးဖိုခလုတ် ပိတ်မိရဲ့လားဆိုပြီး ခနခန စစ်ဆေးမိတာမျိုး။ စိတ်က လုပ်ခဲ့ပြီးပါပြီလို့ ဖြေသိမ့်ပေမယ့် သွားကို ပြန်ပြီး ကြည့်လိုက်ရမှကို ကျေနပ်သွားတဲ့ အခြေအနေမျိုးကို ကြုံဖူးလား?

OCDဆိုတာက obsessive compulsive disorderကိုဆိုလိုပါတယ်။

OCDဆိုတာက အဖြစ်များတဲ့ စိတ်ရောဂါတစ်ခုပါ။ အတွေးတစ်ခုခုကို မတွေးရမနေနိုင်တဲ့ စွဲလန်းမှု (Obsessions)နဲ့ ကိစ္စတစ်ခုကို မလုပ်ရမနေနိုင် ထိန်းချုပ်လို့မရနိုင်အောင် လုပ်ပြီးရင်းလုပ်ပြန်လုပ်မိတဲ့ စိတ်ရဲ့ခိုင်းစေမှု(compulsions)တို့ ကြာလရှည်တစ်ခုရှိနေတက်တဲ့ ပုံမှန်မဟုတ်မှုပါ။

Obsessionsအပိုင်း
===============
Anxietyကိုဖြစ်စေတဲ့ အတွေးတွေ စိတ်ထဲက ပုံရိပ်တွေကို ထိန်းချုပ်လို့မရပဲ ထပ်ခါထပ်ခါ တွေးနေမိတာမျိုးက Obsessions ခေါ်တယ်။

ဥပမာ
-ရောဂါပိုးမွှားတွေ အညစ်အကြေးတွေကို တွေးပြီးကြောက်တာမျိုး။
-sexကိစ္စ၊ ဘာသာရေး၊ စသည်နဲ့ ပတ်သတ်တဲ့ မလိုလားအပ်တဲ့ တားမြစ်ထားတဲ့ ကိုယ်ကျင့်ချိုးဖောက်တဲ့အတွေးတွေကို တွေးမိတာ
-တခြားလူတွေနဲ့ မိမိကိုယ်ကို အကြမ်းဖက်နေတဲ့ အတွေးတွေ
-အရာဝတ္ထုတွေကို အစဉ်တိုက် ဒါမှမဟုတ် ပုံစံကျစေတဲဲ့ အတွေးတွေ ( အရောင်တွေ မညီတာမျိူးကို ညှိတာမျိုးတို့၊ ပစ္စည်းတွေ ဗြောက်သောက်ဖြစ်နေတာမျိုးတို့ကို မနေတက်တာမျိုးတို့)

Compulsionsအပိုင်း
================
Obsessဖြစ်နေတဲ့ စိတ်ထဲမှာ အရေးတကြီးလုပ်ဖို့ တိုက်တွန်းနေတက်တဲ့ အတွေးတွေကို ထိန်းချုပ်မရပဲ ထပ်တလဲလဲလုပ်နေမိတဲ့ အပြုအမူတွေ

-သန့်ရှင်းရေးကိစ္စကို ခနခနလုပ်တာ
လက်တွေ ခဏခဏဆေးနေမိတာမျိုး (၅မိနစ်နေရင် တစ်ခါလောက်ကို ဆေးနေမိတာမျိုး)၊ အိပ်ယာ စောင် ခေါင်းအုန်းတွေကို ခနခန ဆေးနေတာမျိုး (အိပ်နေရင်းတဲ့ စိတ်မသန့်လို့ ထဆေးတာမျိုးပေါ့၊) သူတို့စိတ်ထဲမှာ ဘယ်လိုမှ ဖြေသိမ့်လို့မရဘူး။ အတွေးထဲမှာ အဲ့ဒီပစ္စည်းတွေမှာ ပိုးမွှားတွေ ကပ်နေမယ်ဆိုတာကို တွေးနေမိတာ။

-ပစ္စည်းတွေကို အစဉ်လိုက် ပုံစံကျ ပြင်နေတာမျိုး။ အဲ့တာမျိုးက ကိုယ့်နေရာမျိုးမှာမှမဟုတ်ဘူး။ ဘယ်သူ့နေရာ ဘယ်နေရာမျိူးမှာဖြစ်ဖြစ် ပစ္စည်းတွေ ပြန့်ကျဲနေတာမျိုးကို တွေ့ရင် သူတို့ ဘယ်လိုမှ မနေနိုင်ဘူး။ နောက်ဆုံး ပိုင်ရှင်တွေကိုပါ ခွင့်တောင်းပြီး ပြန်ရှင်းမိသည်အထိပေါ့။ (ခဲတံဆိုတာမျိုးက စာရေးစားပွဲခုံမှာပဲ ရှိနေရမယ်ဆိုတဲ့စိတ်မျိုးပေါ့)

-မလိုအပ်ပဲ ခဏခဏ စစ်ဆေးတာ။ တံခါးပိတ်မိရဲ့လား လျှပ်စစ်မီးဖို ခလုတ်ရောပိတ်မိရဲ့လား စသည်ပေါ့။ သူတို့် ပိတ်ပြီးပြီမှန်းသိပေမယ့် စိတ်ပြေအောင် ခဏခဏ စစ်ဆေးမိတာမျိူး။

-ရေတွက်တာ၊ တက်နေတဲ့လှေကားတွေကို ရေတွက်မိတာ၊ လမ်းမှာ မြင်သွားရတဲ့ အဆောက်အအုံတွေကို ရေနေမိတာ၊ စသည်ပေါ့

ဆိုတော့ လူတိုင်းနီးပါးက စွဲလမ်းမှုတွေ ရှိကြတာပဲ။ ဒါပေမယ့် OCDရှိတဲ့လူတွေနဲ့ မတူပါဘူး။
၁) သူတို့က ဖြစ်လာတဲ့အတွေးတွေ အပြုအမူတွေအပေါ်ထိန်းချူပ်မရဘူး။
၂) အဲ့ဒီ အတွေးတွေ အပြုအမူတွေအတွက် တစ်ရက်မှာ အနည်းဆုံး တစ်နာရီလောက်တော့ အချိန်ကုန်တယ်
၃) အဲ့ဒီ အပြုအမူတွေကို လုပ်နေချိန်မှာ ခံစားချက်မကောင်းကြပါဘူး။ ဒါပေမယ့် အတွေးကဖြစ်တဲ့ anxietyကနေ နည်းနည်းသက်သာသွားတယ်။
၄) အဲ့အတွေးတွေနဲ့ အပြုအမူတွေကြောင့် သူတို့်ရဲ့ နေစဉ်ဘဝမှာ သိသာတဲ့ ပြဿနာတွေ ဖြစ်လာတယ်။

တချို့သော OCDသမားတွေမှာ tic disorderလဲရှိတယ်။ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို အကျင့်အနေနဲ့ လှုပ်ရှားတာကို ပြောတာပါ။ မျက်တောင် ခနခန ခတ်နေတာမျိုး၊ နှခေါင်း ခနခနရှုံတာမျိုး၊ ခေါင်း ခနခနချိုးနေတာမျိုးတွေ လည်ချောင်း ခနခနရှင်းတာ စတာတွေပေါ့။

လက္ခဏာတွေက ဖြစ်ပြီးရင် ပျောက်သွားတာမျိုး အချိန်တစ်ခုထိ ဆက်မဖြစ်တာမျိုးတွေ ရှိသလို ပိုပြီးဆိုးလာတာတွေလဲ ရှိတယ်။ OCDရှိတဲ့သူတွေက သူတို့ရဲ့ obsessionsတွေကိုဖြစ်စေတဲ့ အခြေအနေမျိူးတွေကို ရသလောက်ရှောင်ကျဉ်ပြီးတော့ သူတို့ကိုယ်သူတို့ သက်သာအောင်ကြိုးစားမယ် ဒါမှမဟုတ်ရင် စိတ်ငြိမ်လာအောင်ဆိုပြီး အရက်နဲ့ မူးယစ်ဆေး သုံးတာမျိုးတွေ လုပ်လာနိုင်တယ်။ လူကြီးအများစုကတော့ သူတို့ရဲ့ လုပ်ရပ်အပြုအမူတွေက အဓိပ္ပါယ်မရှိမှန်း သတိထားမိပေမယ့် တချို့အရွယ်ရောက်တွေနဲ့ ကလေးတွေကတော့ သတိမထားမိကြဘူး။

ဆိုတော့ OCDရှိတယ်ထင်ရင် ဆရာဝန်ပြတာ အကောင်းဆုံးပဲ။ OCDက အခြေအနေဆိုးလာရင် နေ့စဉ်ဘဝကို ထိခိုက်လာနိုင်ပါတယ်။

(အချက်အလက်တွေကို nimh.nih.govကနေ ကိုးကားပါတယ်။)

စိတ်ရောဂါ နှင့် စိတ်ရောဂါအဆက်အစပ်များWhere stories live. Discover now