8) Psychopathလား Sociopathလား

739 68 3
                                    

လူတွေဆီကနေ ဆိုက်ကိုပက်တို့ ဆိုစီအိုပက်တို့လို စကားလုံးတွေကို ပြောသံကြားဖူးကြမှာပါ။ အဲ့တော့ အဲ့စကားလုံးတွေက ဘာကိုဆိုလိုသလဲ။

အဲ့တာတွေရဲ့ အဓိပ္ပာယ်သတ်မှတ်ချက်ကို စိတ်ကျန်းမာရေး တရားဝင်လက်စွဲစာအုပ်ဖြစ်တဲ့ Diagnostic and Statistical Manual of Mental Disorders ဆိုတဲ့ စာအုပ်ကြီးထဲမှာ သွားကြည့်ရင်လည်း တွေ့ရမှာမဟုတ်ပါဘူး။ ဆရာဝန်တွေက လူနာတွေကို ဆိုက်ကိုပက်ရယ်လို့ ဒါမှမဟုတ် ဆိုစီအိုပက်ရယ်လို့ သတ်မှတ် ရောဂါဖော်ဆောင်ခြင်းမရှိပါဘူး။ သူတို့တွေက တခြားနာမယ်တစ်ခုကို သုံးကြပါတယ်။ Antisocial personality disorderလို့ သုံးနှုန်းကြပါတယ်။

ကျွမ်းကျင်သူအများစုကတော့ psychopathတွေနဲ့ sociopathတွေ တူညီတဲ့ အကျင့်စရိုက်အတွဲအဆက်တွေကို ပိုင်ထားကြတယ်လို့ ယုံကြည်ထားကြပါတယ်။ အဲ့လိုလူတွေမှာ အမှန်အမှားကို ခွဲခြားနိုင်တဲ့ အတွင်းစိတ် အားနည်းတယ်။ သူတို့တွေမှာ တခြားသူတွေရဲ့ ခံစားချက်တွေကို နားလည်းမလည်သလို ဝေမျှပေးနိုင်ခြင်းလဲ မရှိကြပါဘူး။ ဒါပေမယ့် အဲ့ဒီ ဆိုက်ကိုနဲ့ ဆိုစီအိုတွေမှာ ကွဲပြားတဲ့ အချက်တွေလဲ ရှိပါသေးတယ်။

သူတို့မှာ မှန်မှားခွဲခြားခံစားတက်စိတ်ရှိကြသလား?

ဆိုက်ကိုနဲ့ ဆိုစီအိုမှာ အဓိကကွာခြားတဲ့ မတူတဲ့အချက်ကတော့ အမှန်အမှားကို ခွဲခြားခံစားသိနိုင်မှု ရှိမရှိဆိုတာပါပဲ။ တခုခုမှားတာ လုပ်လိုက်တဲ့အခါမှာ အတွင်းကနေ လှမ်းပြီး အသိပေးတက်တဲ့ အသံကိုဆိုလိုတယ်လို စခရမ်မာန်တိုခရိုင် စိတ်ကျန်းမာရေး ကုသရေးစန်တာက စိတ်ပညာရှင် မိုက်ကယ် တွန်ကင် အပ်ကပြောတယ်။

ဆိုက်ကိုပက်တစ်ယောက်မှာ မှန်မှားသိခံစားတက်စိတ် မရှိဘူး။ သူ ခင်ဗျားရဲ့ ပိုက်ဆံကို ခိုးမယ် ပြီးရင် ခင်ဗျားကို လိမ်မယ် ဒါပေမယ့် သူတို့မှာ အဲ့ဒီအပေါ်စိတ်ခံစားချက်မရှိဘူး။ ရှိဟန်ဆောင်ကောင်းဆောင်မယ်။ သူက တခြားသူတွေကို လေ့လာပြီးတော့ သူတို့ ပြုမူတဲ့အတိုင်း လိုက်ပြုမူမယ်။ အဲ့တာမှ သူ့ကို မရိပ်စားမိမှာ။

စိတ်ရောဂါ နှင့် စိတ်ရောဂါအဆက်အစပ်များWhere stories live. Discover now