delusionsတွေကြောင့် ဖြစ်တဲ့ Delusional Disorderဆိုတဲ့ စိတ်ရောဂါအကြောင်းပါ။ ဒီအခန်းကတော့ ကျနော်ရေးထားတာမဟုတ်ပါဘူး။ Dr.တင့်ဆွေရေးထားတဲ့ ဆောင်းပါးကို ကူးယူတင်ပြလိုက်ပါတယ်။
Delusional disorder အမြင်သွေလွဲခြင်း စိတ်ရောဂါ
ဆန်းပြားရှုတ်ထွေးခြင်းမရှိတဲ့ အရာတွေကို ရှိနေတယ်လို့ ထင်မှတ်နေတဲ့ စိတ်ရောဂါဖြစ်ပါတယ်။ ဆန်းပြားရှုတ်ထွေးခြင်း ဆိုတာတွေက တစ္ဆေသူရဲလို မဟုတ်ဘဲ၊ တကယ်လဲ ရှိနိုင်တဲ့ အမှားမျိုးဖြစ်တယ်။
ဥပမာ သူ့ကို ချစ်နေ မုန်းနေတယ်လို့ ထင်မှတ်တာ၊ သူ့နောက်ကနေ တယောက်ယောက်က တကောက်ကောက် လိုက်နေတယ်လို့ ထင်မှတ်တာမျိုး။ အဲလို ထင်မှတ်မှားနေတာတွေက မူးယစ်ဆေးဝါးကြောင့်၊ ကိုယ်ကာယ ကျန်းမာရေးကြောင့်၊ စကီဇိုဇရီးနီးယားစိတ်ရောဂါကြောင့် မဟုတ်တာကိုခေါ်တယ်။ ဒီရောဂါ ခံစားရှိနေပေမဲ့ နေ့တဓူဝ အလုပ်တွေမှာ တက်တက်ကြွကြွလုပ်နေတဲ့သူသာ ဖြစ်ပြီး၊ အခုလို ထင်မှတ်မှားတာကလွဲရင် လူကောင်းဘဲ။ တချို့လူ့အသိုင်းအဝိုင်း၊ ဘာသာရေးယုံကြည်မှုတွေက ဒါမျိုး ဖြစ်နေရှိနေသူကို လေးစားသမှု ပြုတတ်ကြတယ်။ ကိုးကွယ် နေတတ်ကြတယ်။
လက္ခဏာ အင်္ဂါ (၆) ရပ်ရှိတယ်။
(၁) Erotomania တစိမ်းတရံ (နာမယ်ကြီး) တယောက်၊ သူ့ထက် အဆင့်အတန်း မြင့်သူတယောက်နဲ့ ချစ်နေတယ်လို့ ထင်မှတ် မှားနေတယ်။ ချစ်စိတ်ကလဲ အလွန်ပြင်းပြတယ်။ သူထင်နေတဲ့သူဆီ ဖုန်းဆက်၊ စာရေး၊ သွားလည်ပတ်တာမျိုး လုပ်တယ်။ သွားကယ်ဆယ်ရတာမျိုးသဘော လုပ်တယ်။ တကောက်ကောက် လိုက်နေမယ်။(၂) Grandiose ထင်ပေါ်ကျော်စောနေတယ်၊ သိပ်သြဇာအာဏာ ရှိတယ်၊ နာမယ်ကြီး တယောက်နဲ့ နီးစပ်မှု ရှိနေတယ်လို့ ထင်မှတ်မှားခြင်း၊ သူများတွေထက် ပါရမီရှိနေသလို၊ သူများ မတွေ့-မသိတာကို တွေ့-သိသလို၊ သူများထက် ဘာသာရေး ဉာဏ်အလင်းတွေ ရနေသလို ထင်မှတ်မှားနေမယ်။
(၃) Jealous မနာလို-ဝန်တိုမှု၊ သူ့ ဇနီး-ခင်ပွန်းက သု့အပေါ် သစ္စာမရှိဘူး ထင်မှတ်နေတာ။ ရှိတ်စပီးယား ပြဇာတ်တခုလို Othello syndrome ဆိုတာ ဖြစ်နေမယ်။ သူ့အပေါ် သစ္စာမရှိဘူး ထင်နေတာကို တားဆီး-ပိတ်ပင်တာမျိုး လုပ်မယ်။ ဒါအတွက် ဒေါသထွက်မယ်။ သတ်တာ-ဖြတ်တာအထိ ကြမ်းတမ်းမှု ဝင်လာနိုင်တယ်။
أنت تقرأ
စိတ်ရောဂါ နှင့် စိတ်ရောဂါအဆက်အစပ်များ
غير روائيစိတ်ရောဂါတွေနဲ့ သူနဲ့ ဆက်စပ်တာတွေ တခါတလေ မဆက်စပ်တဲ့ရောဂါတွေအကြောင်းပါ။ စိတ်ရောဂါတွေအကြောင်း တချို့သော အရူးတွေအကြောင်းနဲ့ စိတ်ရောဂါဆိုင်ရာ ဆောင်ပါးတွေကို ကျနော် သဘောကျသလို စီစဉ် ဘာသာပြန်ထားတဲ့ စာအုပ်ပါ။