Delusionဆိုတာ ထင်ယောင်မှားယုံကြည်မှုပါ။ မဖြစ်နိုင်တာတစ်ခု ဒါမှမဟုတ် မှားနေတာတစ်ခုကို မှားနေကြောင်း ဘယ်လိုပြောပြော ဘယ်လို သက်သေပြပြ မရပဲ လုံးဝကြီးကို တဖက်သတ်ကြီး ဇွတ်ယုံနေတာမျိုးကို ပြောတာ။
Deluisonsတွေကိုမှ အမျိုးအစားတွေ ခွဲကြည့်မယ်ဆိုရင်
၁) Paranoid delusion ဒါမှမဟုတ် paranoia (သံသယလွန် ထင်ယောင်မှား)
သူ့ကို တစ်စုံတစ်ယောက် ဒါမှမဟုတ်ရင် အဖွဲ့အစည်းတစ်ခုကနေ အန္တာရယ်ပေးနေတာ (သို့) အပြစ်ပေးမယ်လို ထင်နေတဲ့ မှားယွင်းနေတဲ့ ယုံကြည်မှုပါ။ အဲ့ဒီ ယုံကြည်မှုထဲမှာ ဘာတွေပါသလဲဆိုတော့ တစ်ယောက်ယောက်က သူ့ကို အန္တာရယ်ပြုမယ်ထင်တာ၊ အလိမ်ခံရထင်တာ၊ ထောက်လှမ်းခံရတယ်ထင်နေတာ၊ နောက်ကနေ လိုက်ခံရတယ်ထင်တာ၊ အဆိပ်ခတ် ဆေးခတ်ခံရမယ်ထင်တာ၊ အစော်ကားခံရတာ။ စတာတွေပေါ့။
ဥပမာ- သူ့ရဲ့ ဖုန်းအဝင်အထွက်callတွေကို အစိုးရက စောင့်ကြည့်နေတယ်ထင်တာမျိုး၂) Delusions of reference-သာမန်အခြေအနေလေးတစ်ခုက သူတို့အတွက် ထူးခြားသလိုမျိုးထင်နေတာ။ ဥပမာ- TV ဇာတ်ကောင်က သူ့ကို စကားလှမ်းပြောတာ၊ ဒါမှမဟုတ် အထူးတလည်ပုဂ္ဂိုလ်တွေ celebrity တစ်ယောက်ယောက်က သူ့ကို message ပို့နေတယ်ထင်တာမျိုးတွေ
၃) Delusions of grandeur
ကိုယ့်ကိုကိုယ် နာမယ်ကြီးလူတစ်ယောက် အရေးကြီးတဲ့ လူတစ်ယောက်လို့ထင်နေတာ။ ဥပမာ-သူ့ကိုသူ ထာဝရဘုရားသခင်လို့ထင်နေတာမျိူး၊ သူ့ကိုသူ Taylor Swiftလို့ ထင်နေတာမျိုးပေါ့။ ပြီးတော့ superpower တစ်ခုခုရှိတယ် ထင်နေတာ။ ဥပမာ-ပျံနိုင်တဲ့ စွမ်းအားရှိတယ်ထင်နေတာမျိုးပေါ့။၄) Delusions of control
သူတို့ရဲ့ အတွေးတွေကို ပြင်ပကနေ တခြားကမ္ဘာကဂြိုလ်သားတွေကနေ ထိန်းချုပ်ခံရတယ်ထင်နေတာ။ သုံးမျိုးရှိမယ်။ Broadcasting-သူ့ရဲ့အတွေးတွေကို တခြားလူတွေဆီကို ထုတ်လွှတ်ခံနေရတယ်ထင်နေတာ၊ thoughts insertion-တစ်ယောက်ယောက်က သူတို့ခေါင်းထဲကို အတွေးတွေထည့်နေတယ်ထင်တာ၊ thoughts withdrawl-လျှို့ဝှက်အဖွဲ့အစည်းတွေကနေပြီးတော့ သူ့ရဲ့အတွေးတွေကို ဆွဲယူလုယက်နေတယ်ထင်တာ။ဒါတွေကတော့ delusionတွေပါ။ delusions တွေကို တခြားစိတ်ရောဂါတွေမှာ လက္ခဏာတစ်ရပ်အဖြစ် တွေ့ရပါတယ်။
YOU ARE READING
စိတ်ရောဂါ နှင့် စိတ်ရောဂါအဆက်အစပ်များ
Non-Fictionစိတ်ရောဂါတွေနဲ့ သူနဲ့ ဆက်စပ်တာတွေ တခါတလေ မဆက်စပ်တဲ့ရောဂါတွေအကြောင်းပါ။ စိတ်ရောဂါတွေအကြောင်း တချို့သော အရူးတွေအကြောင်းနဲ့ စိတ်ရောဂါဆိုင်ရာ ဆောင်ပါးတွေကို ကျနော် သဘောကျသလို စီစဉ် ဘာသာပြန်ထားတဲ့ စာအုပ်ပါ။