Munchausen syndrome-ဟန်ဆောင်စိတ်ရောဂါ

1.8K 169 5
                                    

Factitious Disorderဆိုတဲ့ရောဂါက တကယ်မဟုတ်ပါပဲ ဖျားချင်ယောင် နေမကောင်းချင်ယောင်ဆောင်တဲ့ စိတ်ရောဂါပါ။ အကြောင်းပြချက်တစ်ခုခုကြောင့်(ဥပမာ-ကျောင်းမသွားချင်လို့ ဒါမှမဟုတ် နေမကောင်းလို့) မဟုတ်ပာပဲနဲ့ သပ်သပ်ကို ရည်ရွယ်ချက်ကြီးနဲ့ ဟန်ဆောင်တဲ့ရောဂါပါ။ အဲ့ဒီ Factitious Disorderမှာ အပြင်းထန်ဆုံးအခြေအနေကို Munchausen syndrome လို့ခေါ်တယ်။

ုပြင်းထန်နဲ့ စိတ်ခံစားချက်နဲ့ဆိုင်တဲ့ အခက်အခဲနဲ့ စပ်ဆက်နေလို့ သူ့ကို စိတ်ရောဂါလို့ သတ်မှတ်ပါတယ်။

ဖျားနာချင်ယောင်ဆောင်တာ ဆိုးဆိုးရွားရွား ရောဂါတစ်ခုကို လုပ်ကြံပြောရတာကို သာယာတက်ကြတယ်။ အဲ့လို ပြောနိုင်တဲ့ သရုပ်ဆောင်နိုင်တဲ့ သူတို့်ရဲ့ အရည်အချင်းတွေအပေါ်မှာ စိတ်ရဲ့ ကျေနပ်မှုကိုရှာတယ်။ လူတွေရဲ့ ဂရုစိုက်မှု သနားမှုကို လိုချင်လို့ အခက်အခဲတွေနဲ့ ကြိုးစားပန်းစား သရုပ်ဆောင်ရရှာတယ်။ အသားအနာခံပြီး ဆေးဝါးတွေ သုံးစွဲပြီးတောင်မှ ဝေဒနာကို ခံစားရအောင်လုပ်တယ်။
အဖျားတက်အောင်၊ ဝမ်းလျှောအောင်လုပ်တယ်။ နာကျင်စွာခံရတဲ့ ဆေးစစ်မှုတွေ ခွဲစိတ်ကုသခံတာမျိုးအထိလုပ်တယ်။

သူတို့ရဲ့ လက္ခဏာတွေမှာတော့

၁)ဒရာမာတွေခင်းတယ်။
၂) ထိန်းလို့မရတဲ့ မပြတ်သားတဲ့ ရောဂါလက္ခဏာတွေရှိပြီးတော့ ကုသမှုမစခင်မှာပဲ ပိုပြင်းထန်လာတာမျိုး ဒါမှမဟုတ်ရင် ပြောင်းသွားမျိုးတွေဖြစ်မယ်။
၃)ခန့်မှန်းထားတဲ့အတိုင်း တိုးတက်မှုတွေ ရှိလာတာမျိုး။
၎)ဆေးရုံဆေးခန်းနဲ့ ရင်းနှီးတက်တယ်။ ရောဂါအခြေအနေတွေနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေရှိတယ်။
၅) ခွဲစိတ် ကုသထားတဲ့ ချုပ်ရိုး အမာရွတ်တွေအများအပြား ရှိမယ်။
၆) negative ဖြစ်တဲ့ ဆေးစစ်မှုရလဒ်တွေပါတဲ့ လက္ခဏာအသစ်တွေ ထပ်တိုးလာမယ်။
၇) တခြားလူတွေနဲ့ကျမှ ရောဂါထဖြစ်တာမျိုး၊ ဒါမှမဟုတ် စစ်ဆေးမှပဲ ဖင်နာခေါင်းနာလုပ်ပြတာမျိုး။
၈) ဆေးစစ်တာတို့ ခွဲစိတ်တာတို့ တခြား ဆေးကုသမှုနဲ့ဆိုင်တဲ့လုပ်ငန်းတွေလုပ်ဖို့ စိတ်အားထက်သန်တာ
၉)ဆေးရုံ ဆေးခန်း ဆရာဝန်မှတ်တမ်း အများအပြားရှိနေတာ
၁၀) ဆရာဝန်တွေက မိသားစု ဒါမှမဟုတ် သူငယ်ချင်းမိတ်ဆွေတွေနဲ့ တွေ့ဖို့ စကားပြောဖို့ ခွင့်တောင်းတဲ့အခါမှာ အကြောက်အကန် ငြင်းတာ

ဒီစိတ်ရောဂါ ဘာကြောင့်ဖြစ်ရတယ်ဆိုတဲ့ အကြောင်းရင်းကိုတော့ သေချာတဲ့ အဖြေမရှိပါဘူး။
ဖြစ်နိုင်တဲ့ သီအိုရီတွေကတော့
-ကလေးဘဝမှာ အနိုင်ကျင့်ခံရတာ၊
- မိဘ သို့မဟူတ် အုပ်ထိန်းသူတွေဆီကနေ လျစ်လျူရှုခံရတာ ဂရုမစိုက်ခံရတာမျိုး၊
-ကလေးဘဝက ရောဂါတစ်ခုခုဖြစ်ဖူးလို့ ဆေးရုံကို အချိန်တစ်ခုထိ တက်ခဲ့ရတာ
-ဆေးဝန်ထမ်းလုပ်ခဲ့ဖူးသူတွေ ဆရာဝန်အကူ ဓာတ်ခွဲခန်းအကူ စသည်လုပ်ဖူးတဲ့သူတွေ
-ဆေးရုံ ဆေးခန်းတွေကလွဲလို့ ကျန်တဲ့နေရာမှာ လူတွေရဲ့ ဂရုမစိုက်ခံရတာတွေ

စိတ်ရောဂါ နှင့် စိတ်ရောဂါအဆက်အစပ်များWhere stories live. Discover now