Bipolar Disorder

2.5K 183 14
                                    

(((မှတ်စုများဆိုတဲ့ စာအုပ်မှာတင်ပြီးသားကြီးပါ။ ပြန်ပြီး copyကူးပြီးတင်လိုက်ပါတယ်။)))

Bipolar Disorder (manic-depressive illness)ဆိုတာ စိတ်တက်စိတ်ကျရောဂါလို့ အလွယ်ပြောမယ်ဆို ပြောလို့ရတယ်။ စိတ်တက်ကြွတာနဲ့ စိတ်ကျတာက ပုံမှန်မဟုတ်ပဲ တလှည့်စီ ဖြစ်တက်တဲ့ ရောဂါပါ။

စိတ်ခံစားချက်(moods)၊ စိတ်စွမ်းအား(energy)၊ နေ့စဉ်လုပ်နေကျ ပုံမှန်လုပ်ငန်းဆောင်တာတွေကို လုပ်နိုင်တဲ့ abilityတွေ အပြောင်းအလဲ ပုံမှန်မဟုတ်တာမျိုး။

အရမ်း စိတ်ပျော်တက်ပြီး အရမ်းကို ဝမ်းနည်း စိတ်ကျတက်တာမျိုးပေါ့။ ကာလကြာရှည်ဖြစ်တက်တဲ့ ရောဂါတမျိုးပါ။

ဘာမှမဟုတ်တဲ့ကိစ္စလေးတွေနဲ့လဲ အရမ်းပျော်တက်ပြီးတော့ ဝမ်းနည်းစရာလို့တောင် မထင်ရတဲ့ကိစ္စသေးသေးလေးတွေမှာလဲ အသေအလဲကို ဝမ်းနည်းပက်လက်ဖြစ်တက်တယ်။

Manic Episodes
==============
စိတ်အလွန် တက်ကြွနေတဲ့အပိုင်းကို
Manic Episodesလို့ ခေါ်တယ်။ ဒီအပိုင်းထဲရောက်နေတဲ့သူတွေမှာ-
#အရမ်းတက်ကြွနေတာ
#အားတွေ အများကြီးရှိနေတာ
#activity levels တိုးလာတာ
#အအိပ်မမှန်တာ
#ပုံမှန်ထက်ပိုပြီး activeဖြစ်နေတာ
#စကားကို အကြောင်းအရာမျိုးစုံကို အမြန်ပြောတာ၊ စကားလုပြောတာ
#oversensitiveဖြစ်တာ၊ စိတ်ခံစားမှုပြင်းထန်တာ
#သူတို့ကို သူတို့ ကိစ္စအများကြီး တခါထဲ လုပ်နိုင် တက်နိုင်တယ်ထင်နေတာ
ု#ပြီးတော့ Riskyဖြစ်လွန်းတဲ့ လိင်စိတ်တွေများလွန်းတာမျိုး ပိုက်ဆံအလွန်အကျွံဖြုန်းတီးလွန်းတာတွေလဲ ရှိနိုင်တယ်။
Manic Epsတွေဟာ အနည်းဆုံး တစ်ပတ်လောက်ကြာတက်တယ်။ ဒီအပိုင်းဟာ ပြင်းထန်တဲ့အခြေအနေတွေမှာဆို စိတ်ကစဥ့်ကလျားရောဂါနဲ့ နွယ်လာတက်တယ်။ ဥပမာ-ခံစားနေရတဲ့သူက သူ့ကိုသူ အရမ်းကြီး အောင်မြင်ကျော်ကြားသူတစ်ယောက်လို့ ထင်တာမျိုး။ ပိုက်ဆံအများကြီး ချမ်းသာတယ်အထင်ရောက်နေတာမျိုး။ ဒါမှမဟုတ်ရင် စွမ်းအားတမျိုးမျိုးပိုင်ဆိုင်ထားတယ်လို့ အထင်ရောက်နေတာမျိုးတွေပေါ့။

Hypomanic Episodes
==================
မပြင်းထန်တဲ့ Manic epကိုကျတော့ Hypo Manic Epလို့ခေါ်တယ်။ သူတို့က Maniaလောက် မပြင်းထန်ဘူး။ နေလို့ ထိုင်လို့ ရနိုင်သေးတယ်။ ပြီးတော့ အနည်းဆုံး ၄ရက်လောက်ကြာနိုင်တယ်။

စိတ်ရောဂါ နှင့် စိတ်ရောဂါအဆက်အစပ်များWhere stories live. Discover now