လိင်စိတ်ပုံမှန်မဟုတ်ခြင်း-Paraphilic Disorder

5.4K 313 2
                                    

Paraphiliaဆိုတာက ပုံမှန်မဟုတ်တဲ့ ပြင်းထန် လိင်စိတ်ရှိနေခြင်း လိင်အတွေး စိတ်ကူးများရှိနေခြင်းနဲ့ ပြုမူခြင်းဖြစ်တယ်။ လူတစ်ယောက်မှာ ပုံမှန်မဟုတ်တဲ့ လိင်စိတ်တက်ကြွမှုနဲ့ ပြင်းထန်ပြီး အန္တာရယ်တစ်ခုခု ဖြစ်လောက်အောင်ထိ လိင်စိတ်စွဲလမ်းမှု ဒါ့မဟုတ် ကျူးလွန်မှုကို Paraphilic Disorder လိင်စိတ်ပုံမှန်မဟုတ်ဘူးလို့သတ်မှတ်ပါတယ်။ သူ့မှာ အဓိက အဖြစ်အများဆုံး ရှစ်မျိုးရှိတယ်။ ဥပမာ- လူ၊ ကလေးငယ်၊ တိရစ္ဆာန်တွေနဲ့ အောက်ခံဘောင်းဘီစသည့် အပြုခံတွေအပေါ် ကျူးလွန်မှု ဒါမှမဟုတ်ရင် ဆက်ဆံဖော်ကို နာကျင်အောင်ပြုလုပ်ခြင်း သို့မဟုတ် ကိုယ်တိုင် နာကျင်မှုကို ခံစားခြင်းတို့ပဲ ဖြစ်တယ်။
သူ့မှာ အမျိုးအစားအများကြီးရှိပြီးတော့ အဖြစ်အများဆုံးစိတ်ဝေဒနာတွေကို ဒီစာအုပ်ထဲ ကြုံရင် ကြုံသလို ဆက်ပြီးဖော်ပြသွားပါမယ်။

စိတ်ရောဂါ နှင့် စိတ်ရောဂါအဆက်အစပ်များWhere stories live. Discover now