9) စိတ်ကျရောဂါ-Depression

760 51 0
                                    

ဒီပရက်ရှင်ဆိုတာကို တွေ့ရများတယ်ဆိုပေမယ့် သူလဲ တကယ်တော့ လျစ်လျုရှုလို့ မရနိုင်တဲ့ ခံစားချက်ပုံမှန်မဟုတ်တဲ့ရောဂါတစ်ခုပါ။ ဒီပရက်ရှင်ဟာ  ခံစားချက် တွေးပုံခေါ်ပုံ အအိပ်၊ အစား၊ အလုပ်၊ နေ့စဉ်လုပ်ငန်းစဉ်တွေကို ဘယ်လို ကိုင်တွယ်သလဲ စတာတွေအပေါ်ကို သတ်ရောက်မှုရှိနိုင်လာနိုင်တယ်။ ရောဂါတစ်ခုအဖြစ် သတ်မှတ်မယ်ဆိုရင် depressionဟာ လူတစ်ယောက်မှာ လက္ခဏာ အနည်းဆုံး နှစ်ပတ်ရှိရမှာဖြစ်ပါတယ်။

အောက်က လက္ခဏာတွေကို နေ့စဉ်နဲ့အမျှ(အနည်းဆုံး နှစ်ပတ်ပါ) ခံစားရနေပြီဆိုရင် ဒီပရက်ရှင် ရှိနေတယ်လို့ သတ်မှတ်ပါတယ်။

၁။ ဆက်တိုက်ဆိုသလို ဝမ်းနည်းနေတာ။ စိတ်ထဲမှာ တနုံနုံနဲ့ဖြစ်နေတာ။ ပြီးတော့'ဗလာ'ကြီးဖြစ်နေတာ။

၂။ မျှော်လင့်ချက်မဲ့နေတာ။ ကိစ္စတွေကို အဆိုးဘက်ကချည်း လိုက်စဉ်းစားနေတာ။

၃။ စိတ်တွေရှုပ်နေတာ (အထိမခံဖြစ်နေတာမျိုး)

၄။ အပြစ်ရှိသလို ခံစားရတာ။ တန်ဖိုးမဲ့သလို၊ အကူအညီမဲ့နေသလို ခံစားနေရတာ။

၅။ ဝါသနာနဲ့ပတ်သတ်ပြီး ဒါမှမဟုတ် တခြားသော လုပ်ငန်းစဉ်တွေကို ပါဝင်လိုမှု စိတ်ပါဝင်စားမှု ပျောက်ဆုံးနေတာ။

၆။ ပင်ပန်းသလို အားကုန်သလို ခံစားရတာ။

၇။ အိပဲ့ အိပဲ့နဲ့ စကားပြောတာ ဖြစ်ဖြစ် လှုပ်ရှားမှုမှာ ဖြစ်ဖြစ် နွေးကွေးလာတာ။

၈။ အနားမရသလို ခံစားရတာ။ စိတ်ကို အနားမပေးနိုင်ပဲ ဖြစ်နေတာ။

၉။ အာရုံစူးစိုက်မှု မှတ်မိနိုင်စွမ်း ဆုံးဖြတ်ချက် ချနိုင်စွမ်းတွေ နည်းနေတာ။

၁၀။ အိပ်ဖို့ အခက်အခဲဖြစ်တာ။ အအိပ်စက်တာ။ အစောကြီးနိုးနေတာ။ ဒါမှမဟုတ်ရင် အိပ်ချိန် များလွန်းနေတာ။

၁၁။ အစာ စားချင်စိတ်ပျောက်တာ။ ဝိတ် အပြောင်းအလဲဖြစ်တာ။

၁၂။ သေခြင်း ဒါမှမဟုတ် သတ်သေဖို့ အတွေးတွေဖြစ်တာ။ သို့မဟုတ် သတ်သေဖို့ ကြိုးစားတာ။

၁၃။ ရုပ်ပိုင်းဆိုင်ရာ မှားယွင်းမှု ရှာမတွေ့ပဲ ဒါမှမဟုတ်ရင် ကုသမှု လုပ်တာတောင် မပျောက်ပဲ
ကိုက်ခဲ နာကျင်၊ ခေါင်းကိုက်၊ လက်နာခြေနာ၊ အစာချေမှု ပြသနာတွေ ရှိနေတာ။
တို့ကို နှစ်ပတ်နဲ့အထက် ခံစားရပြီဆိုရင် depression ရှိနေတာ ဖြစ်နိုင်ပါတယ်။

စိတ်ရောဂါ နှင့် စိတ်ရောဂါအဆက်အစပ်များWhere stories live. Discover now