Schizophreniaဆိုတဲ့ရောဂါဆိုတါက လွယ်လွယ်ပြောရရင် ရူးနေတာ၊ စိတ်မနှံ့တာပါ။ အရူးရောဂါပါ။ လူတစ်ယောက်ရဲ့ အတွေးများ၊ ခံစားချက်များနဲ့ အပြုအမူအပေါ်မှာ သက်ရောက်မှုရှိတဲ့ ကာလရှည် ပြင်းထန်တဲ့ စိတ်ပုံမှန်မဟုတ်တဲ့ ရောဂါပါ။ ဒီရောဂါ ခံစားသူဟာ အရှိတရားနဲ့ အဆက်အသွယ်ပျက်နေနိုင်ပါတယ်။
အသက် ၁၆ကနေ ၃ဝအတွင်းမှာ အစပြုနိုင်တယ်။ ရှားတဲ့caseတွေမှာဆိုရင် ကလေးတွေမှာလဲ ဖြစ်နိုင်တယ်။ အဓိကလက္ခဏာတွေကတော့
-Delusionsလို့ခေါ်တဲ့ ထင်ယောင်မှားယုံကြည်မှုတွေ(အပေါ်မှာ delusionsတွေအကြောင်းရေးထားပြီးသားပါ။) မဟုတ်တာတွေကို ယုံကြည်နေတာ။
ဥပမာ-သူကိုသူ ဘုရင်တပါးလို့ ယုံကြည်နေတာမျိုး။ သူ့ရှေ့ရောက်ရင် အားလုံးက ပြားပြားဝပ်နေရမယ်။ သူအမိန့်ကို အားလုံးနာခံရမယ်။ သူ့ကို မဟုတ်ပါဘူးလို့ ဘယ်လိုမှဖြေရှင်းလို့ ရမှာမဟုတ်ဘူး။ သွားမရစ်နဲ့ သတ်စေဆိုပြီးဖြစ်သွားမယ်။
တခါက လူတစ်ယောက်က သူ့ကိုသူ obamaဆိုပြီး အိမ်ဖြူတော်ပေါ်ကို ကျော်တက်လို့ အဖမ်းခံရသေးတယ်။-Hallucinationsလို့ခေါ်တဲ့ တကယ်မရှိတာတွေကို မြင်နေ ကြားနေရတဲ့ လက္ခဏာ(အပေါ်မှာ ရေးခဲ့ပြီးသားပါ။)
သူများ မမြင်ရတဲ့ ပုံရိပ်တွေကို မြင်နေရတာ။ အသံတွေကြားနေရတာ။ သူ့ကို အသံတွေက ခိုင်းစေနေတာ။-Thought Disorder-အတွေးအခေါ်ပုံမှန်မဟုတ်တာ။ သူ့ရဲ့ပုံစံတစ်မျိုးက disorganized thinking။ အဲ့ဒီမှာဆိုရင် သူက သူ့ရဲ့အတွေးတွေကို မထိန်းချုပ်နိုင်တာ။ တစ်ခုကနေ တစ်ခုကို ခုန်ကူးသွားတာ။ ပြီးတော့ အဲ့ဒီအတွေးတွေကို မဆက်စပ်နိုင်တော့တာ။ ဥပမာ-ကားတွေအကြောင်းတွေးနေရင်းကနေ ကားမှန်တွေ ပြီးတော့ မှန်တွေ၊ နောက် ခွေးတွေ လူတွေ၊ အကြောင်းအရာတွေက ဆက်စပ်သည်ဖြစ်စေ မဆက်စပ်သည်ဖြစ်စေ တစ်ခုနဲ့တစ်ခု ရောထွေးနေတဲ့အတွက် သူတို့စကားပြောရင် နားလည်ဖို့ခက်တယ်။ နောက်တစ်ခု thought blocking။ စကားပြောနေရင် ချက်ချင်း ရပ်သွားတာမျိုး။ ဘာလို့လဲလို့ မေးရင် သူ့အတွေးထဲမှာ ဘာမှမရှိတော့လို့လို့ ပြောတယ်။
-Movement Disorders အပြုအမူတွေမမှန်တော့တာမျိုးပေါ့။
သူက လုပ်ပြီးသား အပြုအမူတွေကို ထပ်ခါထပ်ခါကြီးလုပ်နေတာမျိုး။ ဥပမာ-ခေါင်းကို ဟိုဘက် ဒီဘက်ကို တချိန်လုံး ယိမ်းနေတာမျိုး။
ပိုပြီးဆိုးတဲ့အခြေအနေတွေမှာဆို Catatoniaလို့ခေါ်တဲ့ လုံးဝမလှုပ်တော့တာမျိူးဖြစ်တက်တယ်။ တခြားလူတွေကိုလဲ မတုံ့ပြန်တော့ဘူး။ ဒါပေမယ့် Catatonia caseကရှားပါတယ်။-Flat affect- မျက်နှာကြီးသေကြီး တစ်ချိန်လုံးဖြစ်နေမယ်။ စကားပြောရင် ပျင်းရိပျင်းတွဲ လေးလေးကြီးဖြစ်နေမယ်။
-စိတ်ခံစားချက်တွေ မဲ့လာမယ်။ ဝမ်းနည်း၊ ဝမ်းသာ၊ စိတ်ဆိုးတာတွေ နည်းလာမယ်။
-နေ့စဉ်ဘဝမှာ စိတ်ကျေနပ်မှု သာယာမှုတွေ မရှိတော့တာ။
-စကားနည်းလာတာ၊ အတင်းအကျပ်ပြောခိုင်းတောင် မပြောတော့တာ။
-စီစဉ်ထားပြီးသား လုပ်ငန်းတွေကို စတင်ဖို့ ဒါမှမဟုတ် ဆက်လုပ်ဖို့ စွမ်းဆောင်ရည်မရှိတော့တာ။
-လူတွေနဲ့ အဆက်အဆံမရှိတော့တာ။
YOU ARE READING
စိတ်ရောဂါ နှင့် စိတ်ရောဂါအဆက်အစပ်များ
Non-Fictionစိတ်ရောဂါတွေနဲ့ သူနဲ့ ဆက်စပ်တာတွေ တခါတလေ မဆက်စပ်တဲ့ရောဂါတွေအကြောင်းပါ။ စိတ်ရောဂါတွေအကြောင်း တချို့သော အရူးတွေအကြောင်းနဲ့ စိတ်ရောဂါဆိုင်ရာ ဆောင်ပါးတွေကို ကျနော် သဘောကျသလို စီစဉ် ဘာသာပြန်ထားတဲ့ စာအုပ်ပါ။