Intro

13.1K 657 28
                                    

Unicode~

အ​မှောင်ထုကြီးစိုးလာ​လေ​လေ... Ravenမြို့ရဲ့ မြင်ကွင်းက အရိုင်းဆန်ပြီး​ခြောက်ခြားဖွယ်​ကောင်းလာ​​လေ​လေ။

လက်နက်အပိုင်းအစများ ပြန့်ကျဲ​နေ​သော မြို့ရဲ့ လမ်းကြိုးလမ်းကြား​တွေမှာ ဒီလို ​မှောင်ရီပျိုးတဲ့ အချိန်​တွေဆို ​ခွေးအူသံ​ တအူအူက ​တ​ဖြေး​ဖြေးကျယ်လာသည်။ ​စားပွဲရုံ​တွေထဲမှာ ကလပ်​တွေထဲမှာ သီချင်းသံ​ခပ်မြူးမြူးနဲ့ ကခုန်​နေကြတာက အပြင်​လောကနဲ့ လားလားမျှမဆိုင်။

​သောက်စားမူးယစ်​ပျော်ပါး​နေကြတဲ့ ကလပ်ရဲ့အပြင်ဘက် တိတ်ဆိတ်ငြိမ်သက်​နေ​သော လမ်းကြားတစ်​နေရာမှာ နံရံကို မှီတွယ်ရင်း ​စီးကရက်ကို နှုတ်ခမ်းဖျား နှစ်ခုကြား ထိကပ်ထားသူ။

"ကျစ်! ​ရောက်လာပြန်ပြီလား"

"မျက်လုံး​ကို ပြင်လိုက်စမ်းပါ။ သူများကို ​ကြောက်လန့်​အောင် မလုပ်ပါနဲ့"

"ဒီအတိုင်း ​အေး​အေး​ဆေး​ဆေးဖမ်းသွားလိုက်။ အသက်ရှင်ဖို့အ​ကြောင်းမရှိဘူး"

စီးကရက်တစ်လိပ်ကို ပါး​စောင်မှာခဲထားရင်း စိတ်ပျက်လက်ပျက်စကားဆိုလာသူ။ ပါးပြင်​ပေါ်က လက်သည်းခြစ်ရာကို ကြည့်ခြင်းအားဖြင့် ဝံပု​လွေ​မျိုးနွယ်တွေနဲ့ တိုက်ခိုက်ခဲ့ပြန်ပြီထင်ပါရဲ့။

"​ဟေ့ ဘာလုပ်တာလဲ!"

နှုတ်ခမ်းနှစ်လွှာကြားက ​စီးကရက်ကို ဆွဲယူပြီး ကျွန်​တော့်နှုတ်ခမ်းဝမှာ​​တေ့ကာ ရှိုက်လိုက်သည်။ မကြိုက်ဘူး ​စီးကရက်ရဲ့အရသာကို...ဒါ​​ပေမယ့် သူ့နှုတ်ခမ်းနဲ့ထိထားတာမို့ တမင်မြည်းစမ်းကြည့်တာ။
တစ်ဖွာ​လောက်ရှိုက်ပြီး ​မြေပြင်​ပေါ်​ရောက်သွားတဲ့ စီးကရက်ကို ​ခြေဖျားဖြင့် ဖိ​ချေလိုက်သည်။

မျက်လုံးနီနီနဲ့ ထိုလူသားက ကျွန်​တော့်ကို စိုက်ကြည့်​နေသည်။
လူသားစင်စစ်တစ်​ယောက်ရဲ့ မျက်လုံး​တွေလိုမဟုတ်ဘဲ အသည်းကြိမ်းစရာမျက်ဆံနီနီ​တွေကို ​ကြောက်လန့်တယ်​ပြောပြီး စွဲလမ်း​နေခဲ့တာ ဘယ်ကတည်းကများလဲ...။

--------

Zawgyi~

အ​ေမွာင္ထုႀကီးစိုးလာ​ေလ​ေလ... Ravenၿမိဳ႕ရဲ႕ ျမင္ကြင္းက အ႐ိုင္းဆန္ၿပီး​ေျခာက္ျခားဖြယ္​ေကာင္းလာ​​ေလ​ေလ။

လက္နက္အပိုင္းအစမ်ား ျပန္႔က်ဲ​ေန​ေသာ ၿမိဳ႕ရဲ႕ လမ္းႀကိဳးလမ္းၾကား​ေတြမွာ ဒီလို ​ေမွာင္ရီပ်ိဳးတဲ့ အခ်ိန္​ေတြဆို ​ေခြးအူသံ​ တအူအူက ​တ​ေျဖး​ေျဖးက်ယ္လာသည္။ ​စားပြဲ႐ုံ​ေတြထဲမွာ ကလပ္​ေတြထဲမွာ သီခ်င္းသံ​ခပ္ျမဴးျမဴးနဲ႔ ကခုန္​ေနၾကတာက အျပင္​ေလာကနဲ႔ လားလားမွ်မဆိုင္။

ေသာက္စားမူးယစ္​ေပ်ာ္ပါး​ေနၾကတဲ့ ကလပ္ရဲ႕အျပင္ဘက္ တိတ္ဆိတ္ၿငိမ္သက္​ေန​ေသာ လမ္းၾကားတစ္​ေနရာမွာ နံရံကို မွီတြယ္ရင္း ​စီးကရက္ကို ႏႈတ္ခမ္းဖ်ား ႏွစ္ခုၾကား ထိကပ္ထားသူ။

"က်စ္! ​ေရာက္လာျပန္ၿပီလား"

"မ်က္လုံး​ကို ျပင္လိုက္စမ္းပါ။ သူမ်ားကို ​ေၾကာက္လန္႔​ေအာင္ မလုပ္ပါနဲ႔"

"ဒီအတိုင္း ​ေအး​ေအး​ေဆး​ေဆးဖမ္းသြားလိုက္။ အသက္ရွင္ဖို႔အ​ေၾကာင္းမရွိဘူး"

စီးကရက္တစ္လိပ္ကို ပါး​ေစာင္မွာခဲထားရင္း စိတ္ပ်က္လက္ပ်က္စကားဆိုလာသူ။ ပါးျပင္​ေပၚက လက္သည္းျခစ္ရာကို ၾကည့္ျခင္းအားျဖင့္ ဝံပု​ေလြ​မ်ိဳးႏြယ္ေတြနဲ႔ တိုက္ခိုက္ခဲ့ျပန္ၿပီထင္ပါရဲ႕။

"​ေဟ့ ဘာလုပ္တာလဲ!"

ႏႈတ္ခမ္းႏွစ္လႊာၾကားက ​စီးကရက္ကို ဆြဲယူၿပီး ကြၽန္​ေတာ့္ႏႈတ္ခမ္းဝမွာ​​ေတ့ကာ ရႈိက္လိုက္သည္။ မႀကိဳက္ဘူး ​စီးကရက္ရဲ႕အရသာကို...ဒါ​​ေပမယ့္ သူ႔ႏႈတ္ခမ္းနဲ႔ထိထားတာမို႔ တမင္ျမည္းစမ္းၾကည့္တာ။
တစ္ဖြာ​ေလာက္ရႈိက္ၿပီး ​ေျမျပင္​ေပၚ​ေရာက္သြားတဲ့ စီးကရက္ကို ​ေျခဖ်ားျဖင့္ ဖိ​ေခ်လိုက္သည္။

မ်က္လုံးနီနီနဲ႔ ထိုလူသားက ကြၽန္​ေတာ့္ကို စိုက္ၾကည့္​ေနသည္။
လူသားစင္စစ္တစ္​ေယာက္ရဲ႕ မ်က္လုံး​ေတြလိုမဟုတ္ဘဲ အသည္းႀကိမ္းစရာမ်က္ဆံနီနီ​ေတြကို ​ေၾကာက္လန္႔တယ္​ေျပာၿပီး စြဲလမ္း​ေနခဲ့တာ ဘယ္ကတည္းကမ်ားလဲ...။

--------

𝐂𝐀𝐓𝐂𝐇 𝐌𝐄 𝐖𝐇𝐄𝐍 𝐈 𝐋𝐀𝐍𝐃Where stories live. Discover now