Unicode~
"တော်တော့ Kim Taehyung"
ဘယ်နှခွက်မြောက်မှန်းမသိတဲ့ အရက်ခွက်ကို ကိုင်လုဆဲဆဲ Benzoက ဝင်တားသည်။ Taehyungရဲ့ နက်မှောင်နေသောဆံပင်တွေက ခပ်ရှည်ရှည်ဖြစ်နေပြီး နှုတ်ခမ်းမွေး ခပ်ရေးရေးတို့ထွက်နေသည်။ ဒီလိုဖြစ်သလိုပုံစံနဲ့နေတာတောင် Kim Taehyungက ဆွဲဆောင်မှုတစ်မျိုးရှိသည်။
"မနိုင်ပါလား Taehyung"
Benzoက အရက်ခွက်ကိုယူပြီး ကခုန်တဲ့နေရာသို့ ရောက်သွားသည်။ ဒစ်စကိုမီးလုံးများအောက် ခန္ဓါကိုယ်ချင်း ပွတ်သပ်ရင်း ကနေကြသူများရှိသလို အရက်ခွက်လေးကိုင်ကာ ခပ်ငြိမ့်ငြိမ့် ကနေသူများလည်း မနည်း။ နာမည်ကြီးကလပ်နဲ့အရက်ဘားဖြစ်တာကြောင့် လူစည်ကားလွန်းသည်။
"ဟေ့ တို့နဲ့မပျော်ချင်ဘူးလား"
Mascaraကို ခပ်နက်နက်ဆိုးထားပြီး နှုတ်ခမ်းနီးညိုတောက်တောက်ဆိုးထားသော မိန်းမတစ်ယောက်။ ရင်ဘတ်ကို လာပွတ်သပ်နေပြီး နားအနီးကပ်ကာ စကားဆိုသည်။ ရုံးပတီသီးအရှုံးပေးလောက်အောင်ချွဲပစ်နေသော အသံက ကိုယ့်အတွက်တော့ရွံစရာ။
"ဝေးဝေးနေစမ်း!"
ခပ်စူးစူးရဲရဲကြည့်ပြီး အသံမာမာနဲ့ပြောတာတောင် ဖြုံမသွား။ ကျစ်! ဒီကမိန်းမတွေက ဒီလိုပဲလား။ နောက်ကို လှည့်ကြည့်တော့ Benzoက ကောင်မလေးတစ်ယောက်ရဲ့ခါးကို ကိုင်ပြီးကနေသည်။ အခုလတွေမှာ Benzoနဲ့ အရင်လို စကားမပြောဖြစ်။ သူက ပြောပေမယ့် ကျွန်တော်က ရှောင်နေခဲ့တာ။
"ဟင်..လာပါ Darling ပျော်သွားမှာပါ"
ပေါင်ရင်းထိ ရောက်လာသော သူ့ရဲ့လက်တွေကြောင့် ချက်ချင်းတွန်းလှဲပစ်ပြီး ဓါးမြှောင်ဖြင့် ထောက်လျက်သား။
'ဟင့်...!'
'ဖြန်း!'
ငိုမဲ့မဲ့လုပ်ပြနေသော ထိုမိန်းမကို လက်ဝါးဖြင့် မိတ်ဆက်ပေးလိုက်သည်။ ဘယ်လောက်ထိ အားပြင်းသွားလဲဆို ပါးတစ်ခြမ်းက ချက်ချင်းရောင်တက်လာသည်အထိ။ အရက်ဘားရဲ့ ခုံတန်းမှာ ချထားသော ကုတ်အင်္ကျီရှည်ကို ကောက်ယူပြီး ယိုင်နဲ့နေသော ခြေလှမ်းများဖြင့် ထွက်လာသည်။