Unicode~
ညသန်းခေါင်ကြီး Kimက အပြေးအလွှားရောက်လာပြီး Casperမြို့ကို သွားရမည့်အကြောင်း အသိပေးသွားသည်။ အေးအေးဆေးဆေး လာအသိပေးတာမဟုတ်ဘဲ အလောတကြီးဆန်နေပြီး ကပိုကရိုဆံပင်တွေနဲ့ တစ်နေရာမှထွက်ပြေးလာရသည့်ပုံ။
ဘယ်လောက်ကြာမယ်မှန်းမသိတဲ့ ခရီးကို Kimကသွားရမှာဆိုတော့ မသွားခင်တည်းက လွမ်းမိနေသား။
စိတ်မပူနဲ့ ပြောပေမယ့် စိတ်ဖြောင့်ဖြောင့် မထားနိုင်တာ ဘာကြောင့်များလဲ။"JungKook!"
ဒီမိန်းမက ဘာလို့များ နေ့တိုင်းလိုလိုရောက်လာတာလဲ။ ကိုယ်နဲ့သူကြား ပတ်သက်မှုအထူးအထွေလည်း မရှိဘူးမလား။ ပိုင်ရှင်ရှိပြီးသားလူတစ်ယောက်ကို ဘာလို့များ အတင်းတွယ်ကပ်ချင်နေရတာလဲ မသိတော့။
"နေပါဦး! နင်ကလည်း တောအုပ်ထဲကိုမလာတော့ဘူးနော်"
မျက်နှာငယ်နဲ့ ဖြစ်ပြနေတဲ့ Adoraကို နည်းနည်းမှ မသနား။ Adoraကို အကြောင်းသိပ်မရှိဘဲ ခါးသီးပြနေတယ်လို့ ထင်ကောင်းထင်ကြလိမ့်မည်။ ကျွန်တော်ကိုင်တိုင်ကတော့ Adoraတို့ သားအဖအကြောင်းကို သိနေလို့သာ။ အမေအပ်ထားခဲ့တာပါဆိုတဲ့ စကားတစ်ခွန်းနဲ့ ကျွန်တော့်ဘဝကို ချုပ်ကိုင်ချင်လိုက်ကြတာ။
"ဘာကိစ္စလာရမှာလဲ"
"မျိုးနွယ်ကို အဲ့လို အဆက်အသွယ်ဖြတ်ထားလို့မှမရတာကွာ..."
"ငါဖြတ်ချင်ဖြတ်မှာပေါ့။ မင်းကိစ္စလား"
Adoraကို ကျောခိုင်းခဲ့ပြီး မြို့ထဲသို့ထွက်လာခဲ့သည်။ Ravenမြို့ကြီးက အင်အားကြီးတယ်ဆိုပေမယ့် စည်ကားနေတာတော့မဟုတ်။ လမ်းမကျယ်ကြီးတွေကို မညီမညာကတ္တရာစေးတွေနဲ့ ခင်းထားတာဖြစ်ပြီး ငှက်ဆိုးထိုးသံကလည်း အမြဲလိုလိုဆူနေသည်။
"ကျားပေါက်လေး ပါလား"
မြို့ထဲလာရင်ကို တစ်နည်းမဟုတ် တစ်နည်းရန်စခံနေရသည်။ Kimရှိချိန်တုန်းကတော့ မြို့ထဲမလာဘဲ နှစ်ယောက်သားအိမ်တွင်းအောင်းနေကြတာက ခပ်များများလေ။ အခု Kimမရှိလို့ မြို့ထဲလာတာနဲ့ ရန်စတာ ခံရပြီ။