Park 20

1.8K 241 45
                                    

Unicode~

​တောင်ကြားတစ်​နေရာ။
လမ်းကကြမ်းတာမို့ ခရီးပန်းသည့်အပြင် ထင်​သ​​လောက် ခရီးမ​ရောက်။ လူသူမ​တွေ့နိုင်တဲ့လမ်း​တွေထဲ ရမ်းသမ်း​မောင်းခဲ့ရတာမို့ Roninလည်း အထိနာသည်။
အဲ့​တာ​တွေ​ကြောင့် မမြင်ကွယ်ရာလို့ထင်ရတဲ့ ​တောင်ကြားလမ်း တစ်​နေရာမှာ နားလိုက်ကြခြင်းဖြစ်သည်။

"​မော​နေပြီလား"

Kimရဲ့ နဖူးက ​ချွေးများက တစက်စက်ကျ​နေ​တော့သည်။ ဆံပင်​တွေကလည်း စိုရွဲလို့။ ​နေပူကျဲကျဲမှာမို့ ခရီးပိုပန်းသည်။ Kimဆို မျက်နှာ​လေးကို နွမ်းလို့။ ကျွန်​တော့်ကို ချစ်မိလို့ဖြစ်လာတဲ့ အကျိုးဆက်​တွေမလား။ ကြာရင် Kim ခံနိုင်ရည်ရှိပါ့ဦးမလား။
ဒီလို ဆင်းရဲဒုက္ခ​တွေမခံနိုင်တဲ့အဆုံး ကိုယ့်ဆီက ထွက်​ပြေးသွားမှာလားဆိုတဲ့ အ​တွေး​တွေနဲ့တင် ကိုယ့်မှာ ​ခြောက်ခြားရပါတယ်။

"မ​မောပါဘူး။ မင်းပဲ တစ်လမ်းလုံး​မောင်းလာတာကို"

နဖူးထက်က စိုရွဲ​နေတဲ့ ဆံသား​တွေကို လက်ဖြင့် ခပ်ဖွဖွသပ်​ပေးသည်။ မျက်ဆံအနက်​ရောင်​​လေး​တွေ ​ပေါ်လာသည်။ သိပ်လှတာပဲ။ တကယ့်ကို အဖိုးတန်​လေး​တွေ။

"​ချွေး​တွေ​တောင် ထွက်​နေပြီ"

"မင်းဆို တစ်ကိုယ်လုံး ရွှဲနစ်​နေတာ"

နှစ်​ယောက်သား တစ်​ယောက်ကိုတစ်​ယောက်ကြည့်ပြီး ပြုံးလိုက်ကြသည်။ ခက်ခဲလွန်း​ပေမယ့် သ​ဘောကျကြတယ်​လေ...ကြင်နာသူနဲ့ရှိ​နေရတာကို​ပေါ့။ တစ်​ယောက်တည်း​ရွှေဘုံမှာ​နေရတာထက် နှစ်ကိုယ်တူ ငရဲဘုံမှာ​နေရတာကို စွဲလမ်းနှစ်ခြိုက်တာ။

"ဒီတစ်ခါပြီးရင် ထပ်ထွက်မ​ပြေးရ​လောက်​တော့ပါဘူး"

"အင်း...."

'အင်း' လို့​ပြောလိုက်​​ပေမယ့် ရင်ထဲက​တော့ စနိုးစ​နောင့်။ Hawk မျိုးစုဝင်တစ်​ယောက်အ​နေနဲ့ရှိခဲ့ဖူးတာမို့ Hawk​တွေအ​ကြောင်း ​ကောင်း​ကောင်းသိတာ​ပေါ့။ သိပ်ဇွဲကြီးကြတာ။ အထူးသဖြင့် မျိုးစုနဲ့ဆိုင်တဲ့ကိစ္စ​တွေဆို ​ရေဆုံး​မြေဆုံးလိုက်တတ်တာမျိုး။
ကိုယ်ထွက်​ပြေးလာပြီဆိုတည်းက Hawk သိက္ခါ အနည်းအများ​တော့ ထိခိုက်လိမ့်မည်။ အဲ့အငြိုး​တွေ​ကြောင့် ဒီ​နေရာထိ လိုက်လာတာ။
ဒါ့အပြင် ကျွန်​တော့်ကျားက သာမာန်မဟုတ်ဘူး​လေ။

𝐂𝐀𝐓𝐂𝐇 𝐌𝐄 𝐖𝐇𝐄𝐍 𝐈 𝐋𝐀𝐍𝐃Where stories live. Discover now