Unicode~
သုသာန်တစပြင်လိုဖြစ်နေတဲ့ ဒီလမ်း။
များစွာသော ရုပ်အလောင်းတွေကြား တွေတွေကြီး ရပ်နေမိတယ်။ ရင်ခွင်ထဲက Kimက ငြိမ်သက်လို့။
အသက်ဆုံးရှုံးနိုင်တဲ့အခြေအနေဆိုပေမယ့် ကိုယ်ပေးထားတဲ့ မျက်လုံးတစ်လုံးကြောင့် အသက်ရှူသံဖွဖွလေးကြားနေရသေးသည်။ သူဘယ်တော့မှ ပြန်နိုးလာမှာလဲ။ Kimကို ရင်ခွင်ထဲထားပြီ Roninကို ဖြေးဖြေးလေး မောင်းနှင်လာရသည်။ ကိုယ်ဘယ်ကို ပြန်ရမလဲ Kim.Kim နှုတ်ခမ်းတွေက ဖြူစွတ်နေပြီး သွေးမရှိသလို။ ဝမ်းဗိုက်က ဒဏ်ရာက သွေးတစိမ့်စိမ့်ထွက်သည်။ အနောက်မှာ ကျန်ခဲ့တဲ့ရုပ်အလောင်းတွေက အိပ်မက်ဆိုးတစ်ခုထက်မပိုခဲ့။ Kimက သတိမေ့နေတော့ ဒီလမ်းမှာ ကိုယ်တစ်ယောက်တည်း စိတ်တွေခြောက်ခြားရပါတယ်။ မြန်မြန်လေး သတိရလာပေးပါ။ ကိုယ်တို့ကို ဘယ်သူမှတားဆီးနိုင်တော့မှာမဟုတ်လို့။
လူတွေနဲ့ဝေးရာနေချင်ပေမယ့် Kimကို ဆေးကုသဖို့လိုနေတာကြောင့် Casperအထိ ပြန်ဖို့သာ တွေးလိုက်သည်။ Kim သတိရတဲ့နေ့ကျ Ravenက ကိုယ်တို့အတွက် ဖြစ်စေရမယ်။ ဒီလို အကြောက်တရားနဲ့ အုပ်ချုပ်တဲ့ခေတ်ကို ကိုယ်အဆုံးသတ်ပေးပါ့မယ် Kim. မင်းပိုင်တဲ့ Ravenရယ် မင်းပိုင်တဲ့ ကိုယ်ရယ်။
ခရီးက ဝေးသည်...ကြမ်းသည်။ Kimရဲ့ တီတီတာတာစကားသံတွေ မကြားရတော့ပိုအထီးကျန်သည်။ ဘာလို့များ ကိုယ်ပေးတဲ့ မျက်လုံးကိုသုံးပြီး Hawkခေါင်းဆောင်ကို မတိုက်ခိုက်တာလဲလို့ မေးစမ်းချင်သည်။ Kimက နောက်ဆုံးအချိန်ထိ သားအဖသံယောဇဥ်ကို ထည့်တွက်ခဲ့တာ။ ထိုလူကတော့ ကိုယ့်သားကိုယ်တောင် ရက်ရက်စက်စက်သတ်ရက်နိုင်သတဲ့။
တောအဆင့်ဆင့် တောင်တန်းအသွယ်သွယ်ဖြတ်ကျော်ခဲ့ရပေမယ့် ကိုယ်မမောနိုင် မောင်းနှင်ဆဲပင်။ မင်းအတွက်ဆိုတဲ့စိတ်နဲ့ မနားတမ်းခရီးဆက်ဆဲပါပဲ။ နောက်တစ်ရက်လောက် ဒုက္ခခံပြီးရင် Casperကို ရောက်လောက်ပါရဲ့။ အနည်းဆုံး Ebonyကတော့ သူတို့ကို ကြိုဆိုမှာပါ။ ကိုယ်တို့ကို နားလည်တဲ့ တစ်ဦးတည်းသော လူသားက Ebonyပဲမလား။ ရောက်တော့မှာမို့ အားတင်းထားပါ ကိုယ့်ရဲ့ Kim.