Part 2

3.2K 375 27
                                    

Unicode~

"ဘာ​တွေရခဲ့လဲ"

​နေအိမ်​ရောက်​ရောက်ချင်း ​​ခေါင်း​ဆောင်ကတန်း​မေးသည်။ ကျားမျိုးနွယ်ဆီသွားတာ ပထမဆုံးမို့ ​စောင့်​နေတာ ထင်ပါရဲ့။ သယ်လာ​သော အိတ်ကို ​ခေါင်း​ဆောင်ထံသို့ ကမ်း​ပေးလိုက်ပြီး

"လက်သည်း​တွေရယ် အမြီးရယ် မျက်လုံးအဝါရယ်"

"အဝါလား...အင်း ရှားပါးလွန်းတာမဟုတ်​ပေမယ့် မဆိုးလှပါဘူး"

​​မြေ​ခွေး​တွေ ဝံပု​​​​လွေ​တွေရဲ့ အစိတ်အပိုင်းဆိုရင် ​ပေါများလွန်းလို့ အဝတ်အစား​တွေကအစ သူတို့အ​ရေခွံနဲ့ ချုပ်ဝတ်နိုင်သည်အထိပင်။ သဘာဝလွန် သား​ကောင်​တွေက ​သေပြီးတာနဲ့ တိရစ္ဆာန်အသွင်သာ ​ပြောင်းသွားတာ​ကြောင့် သူတို့ရဲ့အစိတ်အပိုင်း​တွေကို အလွယ်တကူယူလို့ရသည်။

"ကျား​တွေက အဖိုးတန်တယ်။ ​နောက်​နေ့ များများလိုက်"

​ခေါင်းကို ဦးညွှတ်လိုက်ပြီး အိပ်ခန်းထဲသို့ ပြန်ခဲ့သည်။ ဝါကျင်ကျင်မီး​ရောင်က အလင်းက အခန်းတစ်ခုလုံးစာ မလုံ​လောက်နိုင်။ ကုတ်အင်္ကျီကို ချွတ်လိုက်ပြီး ကျွဲ​ခေါင်းရိုးနဲ့ လုပ်ထား​သော​နေရာမှာ ချိတ်လိုက်သည်။ အထဲက အနက်​ရောင် ချည်သားအင်္ကျီလက်ပြတ်နဲ့ မိ​ချောင်းသား​ရေသား​ဘောင်းဘီရယ်က ပနံသင့်လှသည်။ ကြွက်သား​တွေ အများကြီးနဲ့ အဖုအထစ်​တွေတန်းစီ​နေ​သော ​ယောကျ်ားတစ်​ယောက်မဟုတ်​သော်ငြား Taehyungရဲ့ ခန္ဓါကိုယ်က ​ကျစ်ကျစ်လျစ်လျစ် တောင့်​တောင့်တင်းတင်းနဲ့မို့ ​ချော​မောခန့်ညားပြီး ကြည့်​ကောင်းလွန်းပါသည်။

ငှက်​မွေးနဲ့ လုပ်ထား​သော ​ဖောင်တိန်ကိုယူပြီး မင်ရည်ထဲနှစ်လိုက်ကာ ညစ်​ထေး​ထေးစာရွက်​တွေ​ပေါ်မှာ စာ​တွေချ​ရေးလိုက်သည်။

ကျွန်​တော်က စာ​ရေး​လေ့ရှိ​သောသူမဟုတ် တစ်သက်လုံး ​ငွေဓါးရှည်ကိုကိုင်ပြီး ​ငွေဓါး​မြှောင်ကို ခါးကြားထိုးထားခဲ့သူ။ ၆နှစ်အရွယ်တုန်းက အ​မေဆုံးတာ​​တောင် ဘာမှမခံစားခဲ့ဖူးသူ။ ဒီ​လောက်ထိ အသည်းမာကြမ်းတမ်းလွန်းတဲ့သူဆီမှာ ပထဆုံးနူးညံ့မှုကိုခံစားရ​တော့ ၅မိနစ်မျှကြာတဲ့ ​တွေ့ဆုံမှုတစ်ခု​ကြောင့်တဲ့လား။

𝐂𝐀𝐓𝐂𝐇 𝐌𝐄 𝐖𝐇𝐄𝐍 𝐈 𝐋𝐀𝐍𝐃Where stories live. Discover now