Unicode~
Ravenမှာ ကိုယ့်စိတ်တိုင်းကျ အသက်ရှင်နေထိုင်နိုင်ဖို့ကလား... သန်စွမ်းနေရုံနဲ့မရဘူး သန်စွမ်းမှုရဲ့အနောက်မှာ အာဏာတွေ လူအင်အားတွေရှိနေမှဖြစ်မှာ။
ကျွန်တော်ဘယ်လောက်ပဲ သန်မာလွန်းတယ်ပြောပြော ကျွန်တော့်မှာ ဒုတိယတန်းစားအာဏာပဲရှိတယ်။
ခေါင်းဆောင်ကနေ ခွဲဝေပေးထားတဲ့ အကြွင်းအကန်အာဏာလေးပေါ့။
ကျွန်တော် တတ်နိုင်တာ ဘာမှမရှိတော့ဘူးပဲ။
ကျွန်တော့်ပါးပေါ်က အညိုအမဲစွဲနေတာတွေ အားအင်ချည့်နှဲ့နေတဲ့ ခြေလှမ်းကျဲကျဲတွေက သက်သေပါပဲ။
ထွက်ပြေးလို့မရအောင်ကို ခြေထောက်ကို ဒဏ်ပေးသွားတာ။ပုံမှန်ခြေလှမ်းလောက်သာ အဆင်ပြေပြီး ပြေးလွှားခုန်ပေါက်လို့ မရသေးတာကြောင့် ဒီအခန်းမှောင်မှောင်ထဲမှာ တစ်ယောက်တည်း ကျင်လည်နေရတုန်း။
အချိန်တန်ရင် စွပ်ပြုတ်တစ်ခွက်က အခန်းထဲအရန်သင့် ရောက်လာတတ်ပေမယ့် အကျယ်ချုပ်ကျနေတာပါပဲ။ငရုတ်ကောင်းမှုန့်ခပ်များများထည့်ထားသော စွပ်ပြုတ်ပူပူတစ်ခွက်ကို ကြိတ်မှိတ်ပြီး မော့သောက်ပစ်သည်။ စားချင်သောက်ချင်စိတ်မရှိပေမယ့် အမြန်အားပြည့်ဖို့ဆို ဒါတွေက လိုအပ်တယ်လေ။
လည်ချောင်းထဲ ပူဆင်းသွားသော စွပ်ပြုတ်တစ်ခွက်ပြီးနောက် လက်ဝှေ့အိတ်ကိုယူလိုက်ပြီး ခြံထဲဆင်းလာခဲ့သည်။ ကျွန်တော့်ကို တွေ့တာနဲ့ မျက်တောင်မခတ်တမ်းစိုက်ကြည့်နေတဲ့ ခြံစောင့်တွေ။
သူတို့ကိုယ်သူတို့ မြောက်စားခံရလှပြီထင်နေတာ..တကယ်တမ်းက ခြံစောင့်ခွေးလို အသုံးချခံနေရတာလေ။"မင်း ခြေထောက်မကောင်းသေးဘူးနော် Kim Taehyung"
"ဟက်...မကောင်းအောင်ပဲ ရိုက်ခဲ့ကြတာမလား။ ငါဒီတိုင်း ငုတ်တုတ်တော့ မနေနိုင်ဘူးလေ။ လက်လေးကိုတော့ အလုပ်ပေးရမှာပေါ့"
ခေါင်းမာလွန်းသော သခင်လေးကို Benzo လက်လျှော့လိုက်ရသည်။ သခင်ဖြစ်သူကတော့ အရှေ့က သဲအိတ်ကိုသာ အဆက်မပြတ်ထိုးနေလျက်။ မလေ့ကျင့်တာ ကြာပေမယ့် နည်းနည်းမှ လက်ရည်က ကျမသွား။