Unicode~
"အား Fuck!! ငါလူတစ်ယောက်ကို နမ်းမိခဲ့တာလား"
ဒီစကားကို ပြောနေမိတာ ဘယ်နှရက်ရှိပြီလဲမသိ။ သေချာတာတော့ ကိုယ့်ဟာကိုယ်မူမမှန်ဘူးလို့ထင်နေမိသည်။ မတွေးလို့မရအောင်ကို အဲ့အကြောင်းက ခေါင်းထဲဝင်ဝင်လာသည်။
မတွေးဖြစ်အောင်လို့ဆိုပြီး ထိုနေရာကို တစ်ပတ်လောက် မသွားဖြစ်အောင်နေသည်။ မသွားဖြစ်အောင် နေလေ အဲ့အကြောင်းက ခေါင်းထဲရောက်လာလေ။ပိုပြီးအလုပ်ရှုပ်နေရင် မတွေးဖြစ်လောက်ဘူးထင်နေတာမို့ သမက်ဖမ်းလိုက် ဒရယ်ဖမ်းလိုက် ရှဥ့်ထောင်လိုက် လုပ်နေပေမယ့်....fuck! ဒီဒူးလေးက Kim Taehyungပေးထားတာပဲ။ သူနဲ့ ဘယ်တော့များမှ လွတ်ကင်းမှာလဲ..ဒီလူသားက စိတ်ရှုပ်ဖို့ကောင်းလိုက်တာ။
"ဟ! လွဲသွားပြန်ပြီ"
ခုတလော ဘာလုပ်လုပ်ကို အဆင်မပြေနေ။ အချိန်တိုင်း အနမ်းအကြောင်းကို တွေးမိနေပြီး အာရုံက ထွေပြားနေတော့သည်။ တစ်သက်နဲ့တစ်ကိုယ် အမဲလိုက်တဲ့နေရာ အစာရှာတဲ့နေရာမှာ လွဲချော်တာမျိုး မကြုံဖူးခဲ့ပေမယ့် အခုတစ်ပတ်လုံး ဘယ်အကောင်ပစ်ပစ် သုံးကောင်ပစ်မှ တစ်ကောင်ရတာမျိုး။
ဒီလိုဆို မဖြစ်တော့ဘူး...ညကျရင် သွားတွေ့သင့်လား။ သွားလည်း Kim Taehyungက လာချင်မှလာမှာပေါ့။ တစ်ပတ်လုံး မသွားဘဲနေနေတာမလား။ သူနေ့တိုင်း စောင့်နေမယ်ဆိုတာကြီးကတော့..အဟက်! မဖြစ်နိုင်တာ။
အိုး...သူမလာတော့လည်း ဘာအရေးလဲ။ အာရုံနောက်တောင် သက်သာသေးတယ်။ အစတည်းက အဲ့နေရာက ကိုယ့်နေရာပဲဟာ။
အတွေးတွေက ရှေ့နောက် မညီသလို စိတ်ကလည်း ကယောက်ကယက်..။ Kim Taehyungက တကယ့် အာရုံပဲ။တွေးရင်းငေးရင်းနဲ့မို့ ညနေစာက ဘယ်လိုဗိုက်ထဲဝင်သွားလည်း မသိတော့။ အရသာကောင်းသည် မကောင်းသည်ကိုလည်း အရသာမခံနိုင်ခဲ့။
ခါးပတ်မှာ တွယ်ထားသော ဓါးအိမ်ထဲသို့ ဓါးအသစ်ချွတ်ချွတ်လေးကို ထိုးထည့်လိုက်သည်။ နေဝင်ပြီလေ။ စီးကရက်တစ်လိပ်ကတော့ နှုတ်ခမ်းနှစ်လွှာကြား နေရာယူထားဆဲပင်။ ထွက်လာသော အငွေ့တွေက ကျွန်တော်နဲ့ အသားကျနေခဲ့သည်။ ဂျစ်ပစီတစ်ယောက်ရဲ့ ညခင်းက သိပ်ပြီးတော့ အလုပ်မများ။