Unicode~
"JungKook...မင်းလူသားတစ်ယောက်နဲ့ တွဲနေတာသာ မျိုးနွယ်ခေါင်းဆောင်သိရင်..."
"သိနေပြီလို့ ပြောလိုက်စမ်းပါ!"
လေသံမာမာက စိတ်မရှည်မှုကို ပြသနေသလို တွန့်ချိုးထားသော မျက်ခုံးများကလည်း အလိုမကျမှုကို ဖော်ပြနေသည်။ Adora ရှေ့က ကျားကိုကြည့်ပြီး လုံးဝအားမရ။ လူသားတွေကို မုန်းလှပါချည်ရဲ့ဆိုတဲ့သူက လူသားတစ်ယောက်နဲ့ ခြေလွန်လက်လွန်တောင်ဖြစ်ပြီးနေပြီတဲ့လေ။
"မင်း ငါ့ကို လူသားတစ်ယောက်အတွက်နဲ့ အော်နေတာလား JungKook"
"မင်းဝင်မစွက်ဖက်သင့်ဘူးဆိုတာ သိသင့်တယ်"
စကားကို ထိန်းပြောနေတယ်ဆိုပေမယ့် Adoraကို တော်တော် ဒေါသထွက်မိပါသည်။ အရင်တည်းက ကြည်ဖြူသည်မဟုတ်သော်လည်း ခါးခါးသီးသီးမဆက်ဆံပေးရုံသက်သက်။ မနက်က သူလုပ်လိုက်တဲ့ပုံစံက အိမ်ထဲကို ဝင်ထွက်ခွင့်ရှိနေသူတစ်ဦးလို ပြုမူသွားတာ။ Kimရှိနေတာကို သိလို့ တမင်လုပ်သွားမှန်း သိသားပဲ။ အောက်တန်းကျလိုက်တာ။
"လူသားတွေက လူလိမ်တွေချည်းပဲ။ သူကမင်းကို တမင်ချဥ်းကပ်...."
"တော်စမ်း! မင်းတို့ကရော ဘာများထူးနေလို့လဲ။ နောက်ခါ ငါ့အိမ်အရိပ်တောင် လာမနင်းနဲ့! ကိစ္စမရှိဘဲလည်း လာမခေါ်နဲ့!"
ဒီတစ်ခါလည်း JungKookက ဆူပူနေတာပါပဲ။ ဘာလို့လဲ...JungKookအတွက် အသင့်တော်ဆုံး အိမ်ထောင်ဘက်လို့ အမြဲတမ်း ကိုယ့်ကိုယ်ကိုယ်တွေးနေမိတာ။ အဲ့တာ အမှန်ပဲမဟုတ်လား။ JungKookနဲ့ အနီးစပ်ဆုံးသူစိမ်းက သူပဲလေ။ အခုကျမှပေါ်လာတဲ့ ပြိုင်ဘက်က လူသားတဲ့လား။
ဘယ်လူသားက ကျားတစ်ကောင်းကို လာပေါင်းသင်းနိုင်မှာတဲ့လဲ။ ဟက်...အပိုတွေ။
ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် JungKookကို ချုပ်ကိုင်နိုင်ရမည်။ JungKookကိုသာ ရလျှင် ကိုယ့်အတွက်ရော အဖေ့အတွက်ရော အဆင်အပြေဆုံးဖြစ်လိမ့်မည်။"ဘာတွေဖြစ်လာတာလဲ Adora"
ကျားမျိုးနွယ်ခေါင်းဆောင်ဖြစ်သောဖခင်က အသက်၅၀ သက်တမ်းရှိပြီဖြစ်သော်လည်း သန်သန်မာမာ တက်တက်ကြွကြွပင်။ အခုလိုပုံစံကြောင့်လည်း ကျားမျိုးနွယ်တစ်ခုလုံးရဲ့ ခေါင်းဆောင်ဖြစ်နေတာ အဆန်းမဟုတ်။
ခေါင်းဆောင်ရဲ့ခေါ်သံကြားတာနဲ့ လှည့်ကြည့်ပြီး....