Unicode~
'အာ...အဟွတ် အဟွတ်!'
နိုးလာတာနဲ့ စီးကရက်နံ့ကိုရှူရှိုက်မိတာမို့ ဒီနေရာက ဘယ်နေရာလဲသိလိုက်သည်။ အားယူပြီး မျက်လုံးကို ဖွင့်ကြည့်တော့ ခေါင်းကတဆစ်ဆစ်ကိုက်သည်။ သောက်တာ တော်တော်များသွားတာပဲ။ တစ်ခါမှ ဒီလောက်မမူးဖူးသလို အရက်သောက်ပြီး မှောက်တယ်ဆိုတာလည်း ခုမှကြုံဖူးခြင်း။
"နိုးလာရင် ပြန်တော့!"
နောက်ကျောကိုသာ မြင်ရပြီး Jeonက ကျွန်တော့်ကို လှည့်မကြည့်ပါ။ ဓါးမြှောင်တစ်ချောင်းကို သွေးနေပုံရပြီး ကျွန်တော့်ကို ကျောခိုင်းထားတာက အဆန်းမဟုတ်။
"ငါခေါင်းတွေ ကိုက်နေလို့ ပြန်လို့မဖြစ်သေးဘူးထင်တယ်"
Jeon ဆီက စကားပြန်မရသော်လည်း ကျွန်တော်ပေကပ်ပြီးထိုင်နေလိုက်သည်။ Jeonရဲ့ နေရာက ပျဥ်ထောင်တဲလေးဖြစ်ပြီး ဖြစ်သလိုဆောက်ထားသည့်ပုံ။ နံရံပေါ်မှာ အနက်ရောင်ဂျာကင်တွေကို ဖြစ်သလို ချိတ်ထားတာမို့ အမြင်ရှုပ်သလိုလိုတော့ ခံစားရသည်။ ကြမ်းပြင်မှာ စီးကရက်တိုတွေတွေ့ရတော့ ကျွန်တော်ရင်မောသွားသည်။
Jeon တစ်ရက်ကို ဘယ်နှလိပ်တောင်သောက်နေတာလဲ။Jeonက တစ်ယောက်တည်းနေထိုင်တာမို့ ထင်ပါရဲ့...ထမင်းစားပွဲလိုနေရာကအစ ဖရိုဖရဲ။ ကျွန်တော် မျက်ရိုးတွေကိုက်ခဲနေတာကို လျစ်လျူရှုပြီး Jeon ပစ္စည်တွေကို သိမ်းဆည်းပေးဖို့ ထလိုက်တော့...
"JungKook! JungKook!"
"Jeon အပြင်မှာ..."
တံခါးဖွင့်ပေးဖို့ လုပ်ပေမယ့် Jeonက တားလိုက်ပြီး
"နေခဲ့"
နေခဲ့ဆိုလည်း နေခဲ့ရမှာပေါ့။ မိန်းကလေးတစ်ယောက်ရဲ့ ခေါ်သံဖြစ်တာကြောင့် ရင်ထဲမှာတော့ အပူလုံကြီး တစ်ဆို့သွားသည်။ အကယ်၍ ဒီမိန်းကလေးသာ ဟိုနေ့ညက မိန်းကလေးဖြစ်နေမယ်ဆို Jeonနဲ့ မိန်းကလေးရဲ့ ပတ်သက်မှုကရော။
Jeon အိမ်ကို အချိန်မရွေးလာပြီး Jeonက ထွက်တွေ့တဲ့ ဆက်ဆံရေးမို့ ကျွန်တော့်အတွက် တကယ်နေရာမရှိတော့ဘူးလား။