Part 25

1.8K 248 37
                                    

Unicode~

Raven မြို့က ဒီ​နေ့မှ လူစည်​နေတာပါပဲ။
အ​ကြောင်းရင်းက​တော့ လက်ကျန် Hawk​တွေ အလုပ်ရှုပ်​နေကြခြင်း။ အရက်ဆိုင်၊ ​စျေးဆိုင် စ​သော လူစည်ကား​ရာ​နေရာ​တွေမှာ တခြားမျိုးစုဝင်​တွေကို မသိမသာစည်းရုံးသိမ်းသွင်း​နေကြခြင်း။ ရက်ပိုင်းအတွင်းဖြစ်လာနိုင်မလားမသိ​ပေမယ့် အတတ်နိုင်ဆုံး​တော့ လှုပ်ရှား​နေရတာပင်။

"ခင်ဗျားတို့ အခု​တောင် ကိုယ့်ပစ္စည်းကိုယ်ပိုင်လို့လား"

"အလိုဗျာ...ကျုပ်တို့ပစ္စည်းတင်မက ကျုပ်တို့ကိုပါ ​ခေါင်း​ဆောင်ကပိုင်တာပါ"

"ကဲ....အဲ့တာပဲကြည့်! ခင်ဗျားတို့ခါးကျိုးမတတ်အလုပ်လုပ်တာ​တောင် ထမင်းနပ်မှန်​​အောင်စားရရုံပဲဆို​တော့"

"မ​ကျေနပ်​တော့​ရော ကျုပ်တို့က ဘာတတ်နိုင်မှာလဲ။ နှစ်​ပေါင်းများစွာဖြစ်လာတဲ့ စနစ်​လေဗျာ"

လက်ဖက်ရည်ဆိုင်က ဟိုဟိုဒီဒီ ​ရောက်တတ်ရာရာစကား​တွေထဲမှာ စည်းကမ်းမဲ့​နေတဲ့ စနစ်ကို မ​ကျေနပ်ကြသူ​တွေရဲ့ရင်ဖွင့်စကား​တွေပါလာသည်။
နည်းနည်း​စျေးကြီးကိန်းကြီး​သော အရက်ဘားလို​နေရာ​တွေက​တော့ အာဏာရှင်အသိုင်းအဝိုင်း​တွေရှိ​နေတာ​ကြောင့် အကုန်လုံးက မိုက်မိုက်ကမ်းကမ်း​တွေချည်း။ စည်းရုံးသိမ်းသွင်းဖို့ မလွယ်ကူ။

​ဆန်အရက်ဆိုင်၊ ပြန်ကျ​စျေးဆိုင်​လေး​တွေက​နေသာ သတင်း​တွေ အ​တွေးအမြင်​တွေကို ဖြန့်​နေရသည်။ လူလတ်တန်းစားနဲ့ ​အောက်​​ခြေလူတန်းစား​တွေက​တော့ မွန်းကြပ်​နေကြပုံ။ သားစဥ်​မြေးမြစ်က ​အာဏာရှင်​ခေါင်း​​ဆောင်​တွေအတွက် အလုပ်အ​ကျွေးပြု​နေရပြီး ကိုယ်လုပ်သမျှအလုပ်ကအကျိုးရလဒ်က ​ခေါင်း​ဆောင်ဆိုသူဆီ​ရောက်သည်။
တကယ်ပင်ပန်းရတဲ့မိမိတို့မှာ​တော့ ကိုင်းဖျားကိုင်းနား အကြွင်းအကျန်​လောက်သာ။

"အင်း...မင်းတို့​ပြောတာလည်း မှန်သလိုပါပဲ။ ဒါ​ပေမယ့် ကျုပ်တို့က အသက်လည်းရလာပြီ အင်အားလည်းမရှိဘူး​လေ"

ဒီပုံအတိုင်း​ဆို ​တော်လှန်ဖို့ကိစ္စကို စိတ်ဝင်တစားရှိကြပြီဟု ယူဆရသည်။
မွန်းလွဲချိန်​လောက်​​ရောက်မှ Hawk​တွေလည်း သူ့အိမ်ရာကိုယ့်အိမ်ရာအသီးသီး ပြန်ကြပြီး တချို့က​တော့ အိမ်​တော်ဆီသို့။

𝐂𝐀𝐓𝐂𝐇 𝐌𝐄 𝐖𝐇𝐄𝐍 𝐈 𝐋𝐀𝐍𝐃Where stories live. Discover now