Unicode~
'ဒေါက်! ဒေါက်!'
"ကျစ်! ဒီတိုင်းဝင်လာရင် ရသားနဲ့"
Kimက အိမ်လာရင် ဘယ်တော့မှ တံခါးခေါက်လေ့မရှိ။ ဒီတိုင်းတန်းဝင်ရင်ဝင်လာမယ် မရရင် တဘုန်းဘုန်းနဲ့ထုပြီး ဝုန်းဒိုင်းကြဲမယ်။ အခုတော့ သာမာန် တံခါးခေါက်သံကို ကြားနေရသည်။ သို့ပေမယ့် အိမ်လာမယ့်လူက Kimကလွဲရင် မရှိဘူးမလား။
"ဝင်ခဲ့ရင် ရ...ဪ"
အိမ်ရှေ့ တံခါးမှာ ရပ်စောင့်နေတဲ့လူက ထင်ထားသလို Kimမဟုတ်နေ။ Kimနဲ့ ဟိုတစ်ခါက ပါလာခဲ့တဲ့ လူသားတစ်ယောက်။ ဘယ်သူ့ကိုမှအမြင်ကြည်တတ်တဲ့လူမဟုတ်ပေမယ့် ဒီလူကိုတော့ ထူးထူးခြားခြား ဂုတ်ချိုး သတ်ပစ်ချင်လောက်အောင်ပင်။
'ဘာလဲ' ဆိုတဲ့သဘောဖြင့် မေးတစ်ချက်ဆက်ပြလိုက်တော့...
"Kim Taehyungနဲ့ ဝေးဝေးနေပါ"
မျက်ခုံးနှစ်ခုထိလုမတတ်ဖြစ်သွားပြီး ဒေါသကထိပ်ဆုံးရောက်နေပြီ။ ဒီလူက ဘာမို့လို့ ဒီလိုစကားပြောတာလဲ။ ဘာကိစ္စ ပြောရေးဆိုခွင့်ရှိနေရတာလဲ။ တံခါးဘောင်ကို တင်းကျပ်စွာကိုင်ထားပြီး မျက်လုံးတွေက အနီရောင်လဲ့နေတာ သေချာသလောက်။
"အကြောင်းပြချက်က ဘာလဲ"
"Taehyungက လူမျိုးနွယ်တစ်ခုလုံးကို ဦးဆောင်မယ့်လူဖြစ်လာမှာ။ မင်းရဲ့ မျက်လုံးတွေကို အသုံးချချင်ရုံ ချဥ်းကပ်နေတာဆိုပေမယ့် ခေါင်းဆောင်က သူ့ကို သံသယဝင်ခါနီးပြီ။ မင်းတို့နှစ်ယောက်လုံးအတွက် ပြောနေတာ"
"ဘာ...မျက်လုံး ဟုတ်လား"
"ဒီလောက်ဆို မင်းသဘောပေါက်မှာပါ။ ငါသွားပြီ"
ထိုလူက ကျောခိုင်းလှည့်ထွက်သွားပြီး ကျွန်တော်ကတော့ တောင့်တောင့်ကြီးရပ်ကျန်ခဲ့သည်။ မယုံချင်ဘူး ဆိုပေမယ့် Kimက ကိုယ့်မျက်လုံးတွေအတွက် ကိုယ့်ကို ချဥ်းကပ်တာတဲ့လား။ မခန့််မှန်းထားဖူးတာ မဟုတ်သော်လည်း လူတစ်ယောက်က အဲ့လိုလာပြောသွားတော့ အောင့်သက်သက်ရယ်။