Part 1

7K 487 47
                                    

Unicode~

ဒီကမ္ဘာမှာ ရှိသမျှက ရက်စက်မှု၊ လူသားမဆန်မှု၊ ဘက်လိုက်မှု၊ ညှင်းပန်းနှိက်စက်မှု။
လူသား​တွေက တိရစ္ဆာန်မျိုးနွယ်​တွေထက် ပိုပြီး တိရစ္ဆာန်ဆန်ကြသတဲ့။ အချင်းချင်းသတ်ဖြတ်ကြပြီး ​ခေါင်း​ဆောင်​နေရာရဖို့ အ​သေအ​ကြေ တိုက်ပွဲဝင်ကြတယ်။
​အောင်နိုင်သူ ​အုပ်စု ခေါင်း​ဆောင်းတိုင်းက နတ်ဘုရားတစ်ပါးလို မိမိကိုယ်ကို သတ်မှတ်ကြပြီး မျိုးနွယ်တိုင်းရဲ့ အကိုးကွယ်ခံ။
ဒီကမ္ဘာဟာ ဘာသာမဲ့ရပ်ဝန်း...အင်အားကြီးသူကိုသာ ဦးညွှတ်ရာ..။

ဒီကမ္ဘာကို ​ခေါ်တယ်...Dystopian World.
ပျက်စီး​နေတဲ့ ​ကမ္ဘာကြီး​ပေါ့....။

စာနာသနားမှု​တွေမရှိဘူး..ဒီကမ္ဘာမှာ ​မွေးဖွားလာရင် အသက်ရှင်ကျန်ဖို့ ကြိုးစားရမှာက ဦးစား​ပေးတာဝန်ပဲ။ ညှာတာမှု​တွေ ကိုယ်ချင်းစာမှု​တွေနဲ့ ဒီ​နေရာမှာ အသက်ရှင်​နေထိုင်နိုင်မှာ မဟုတ်ဘူး။

လူသားတစ်​ယောက်အဖြစ်​မွေးလာရင် တခြားမျိုးနွယ်​တွေကို ဖမ်းဆီးသတ်ဖြတ်ပြီး အင်အားပြနိုင်ရမယ်..။ တခြားမျိုးနွယ်အ​နေနဲ့​မွေးလာရင် လူသား​​တွေရဲ့ ညှင်းပန်းမှု​က​နေ လွတ်​မြောက်ဖို့ အမြဲကြိုးစား​နေရမယ်..။

'ချွမ်း! ချွမ်း!'

အရှည် ၅​ပေ အကျယ်၅လက်မခန့်ရှိ​သော သံမဏိဓါးချင်း တိုက်ခိုက်မှုမှ ထွက်လာ​သော အသံ​တွေ။ တစ်ဖက်ကဓါးမှာ သံမဏိကိုမှ ​ငွေရည်သုတ်ထား​​သော​ကြောင့် တခြားဓါး​တွေထက် အ​ရောင်ကတလက်လက်ထလွန်းသည်။ ဓါးသွား​ပေါ်ကို ​နေ​ရောင်ခြည်စူးစူးများ ကျလာရင် အ​ရောင်ပြန်က တစ်ဖက်လူရဲ့ မျက်လုံးကိုပင် ထိခိုက်နိုင်​​လောက်သည်။

​​နောက်ဆုံး ဓါးချက်မှာ ​ငွေမှင်​ရောင်ဓါးသွားက တစ်ဖက်လူရဲ့ လည်ပင်းသို့ ​ထောက်ပြီး တိုက်ခိုက်မှုရဲ့ အနိုင်အရှုံး​ပေါ်သွားသည်။

"တိုးတက်လာတာပဲ Kim Taehyung. ​နောင်နှစ်နှစ်​လောက်ဆို လူမျိုးနွယ်တစ်ခုလုံးကိုပါ ဦး​ဆောင်နိုင်​လောက်တယ်"

"မခံယူဝံ့ပါဘူး ​ခေါင်း​ဆောင်"

​ခေါင်း​​ဆောင်ဆို​သော ထိုလူက ဖခင်အရင်း..။ ဖခင်​ပေမယ့် ဘာအ​ရေးလဲ။ ဒီ​ခေတ် ဒီ​နေရာမှာ အမျိုးစပ်​နေလို့မရ။ သူဟာ ကျွန်​တော်တို့လူမျိုးစုရဲ့ ​ခေါင်း​ဆောင်။ တစ်နည်းအားဖြင့် လူမျိုးနွယ်အားလုံးထဲမှာမှ အင်အားအကြီးဆုံး Hawk မျိုးစုရဲ့ ​ခေါင်း​ဆောင်။

𝐂𝐀𝐓𝐂𝐇 𝐌𝐄 𝐖𝐇𝐄𝐍 𝐈 𝐋𝐀𝐍𝐃Where stories live. Discover now