"ရှိန်း "
"လွတ်တော့ "
ရှိန်း လက်ကိုဆွဲခါ ပစ်လိုက်သည်။ သေချာတယ် သူငိုနေမိတာ။ လမ်းမီးတွေကွယ်ရာ မှောင်နဲ့မဲမဲထဲ တယောက်ကိုတယောက်မသဲကွဲတာမို့ တဖက်ကလူ ဘယ်လိုဖြစ်နေလဲ သူမသိ။ သိလည်းမသိချင်တော့။ ချစ်ခဲ့ကြတာဟာအလကား။
သူကလည်းယောကျာ်တယောက်ပါ။ ယောကျာ်လေးတွေကိုပဲ သဘောကျတတ်ပေမဲ့ ယောကျာ်တယောက်ပါပဲ။ နာကျင်ခံစားရတာတွေကို ဖောက်ထုပ်ပစ်ဖို့ မျက်ရည်တွေအပြင် လက်သီးတွေကိုပါသုံးတတ်သေးတာမို့ ထိုလူ့မျက်နှာကို ပင်ပက်စက်စက်ထိုးခွဲပစ်မိသည်။
အရက်တွေ တခွက်ပီးတခွက်လည်းသောက်မိသေးသည်။
ရှိန်း။ သူက သိပ်ချောတဲ့ကောင် ။ မိဘတွေဆီက အချောအလှအကုန် သူရထားတာမျိုး။ မျက်ခုံးမျက်ဆံလှလှ။ နှာတံစင်းစင်း အသဲပုံအပေါ်နှုတ်ခမ်းကအောက်နှုတ်ခမ်းဖူးဖူးပေါ်ပုံစံတကျ ဒါတွေအကုန်က မေးရိုးသွယ်သွယ် သူ့မျက်နှာပေါ်လှလှပပနေရာယူထားသည်။ အသားအရည်လား အရပ်အမောင်းကိုယ်လုံးကိုယ်ပေါက်လား ဘာမှပြောစရာမလို ။ ပျိုတိုင်းရော ပျားတွေပါ ဝိုင်းကြိုက်တဲ့ နှင်းဆီရဲရဲလေး။ လူတွေအများကြီးထဲ ဒီလူကို သူရွေးချယ်ခဲ့သည်။သူနဲ့အသက်မတိမ်းမယိမ်း ရုပ်ချောချော ဒီလူ့ဆီ နှလုံးသားရော ဘဝပါ ပုံအပ်လောက်မတတ်အထိချစ်သည်။ သို့သော် ဒီလူကတော့ သူ့လိုမဟုတ်ခဲ့။
"တောက်"
တောက်ခတ်သံကြောင့် ဘေးကသူငယ်ချင်း ညီညီက သူ့ကို စိုးထိပ်စွာကြည့်သည်။
"ထားလိုက်ပါတော့ရှိန်းရာ "
"ထားလိုက်ချင်တယ် ထားလိုက်ချင်ပီ ဒါပေမဲ့ငါ "
တအီအီ ငိုကြွေးရင်း ပေါက်ပြဲနေပီး လက်နဲ့ စားပွဲကိုထုထုပီးငိုဆဲ။ ဘေးကညီညီကသူ့ပုခုံးတွေကို ဆွဲဖက်နှင့်သိမ့်နေဆဲ။ သက်ပြင်းချပီး ညီညီကသူ့ကိုတိုးတိူးပြောသည်။
"ဖိတ်စာတွေတောင်ရိုက်ပီးနေမှတော့ငါ့ကောင်ရာ"
ဟုတ်တယ် ကျတော့်ကိုချစ်ပါတယ်ဆိုတဲ့ကောင်က မိန်းမတယောက်နဲ့လက်ထပ်တော့မယ်။
YOU ARE READING
ရှိန်း
General Fictionစိတ်ကူးယဥ်ficတစ်ပုဒ်ဖြစ်ပါသည်။ အပြင်လောက အပြင်လူပုဂ္ဂိုလ်များနှင့်တိုက်ဆိုင်ခဲ့သောစိတ်မရှိကြပါနဲ့လို့တောင်းဆိုပါရစေ။