ရှိန်းဆေးရုံ ဆင်းပီးနောက် ညီညီ့အိမ်မှာနေပေမဲ့ မနက်တိုင်း နေရောင့်ဆိုင်ရှေ့မှာ ငုတ်တုတ်ထိုင်စောင့်နေတတ်တဲ့ ကောင်လေးကို အိဖြူအမြဲ တွေ့နေရသည်။ ခဏအတွင်း အရမ်းချစ်သွားတဲ့ အတွဲကို ကြည့်ပီး အိဖြူ အံအော်မိသည်။ ကံတရားတွေကိုလည်း မယုံနိုင်။ ရေစက်ဆိုတာကိုလည်း ကြောင်တောင်တောင်ငေးကြည့်နေမိတာမျိုး။ အခုလည်း နေရောင် ရောက်မဲ့အချိန်ထက် နာရီဝက်ခန့်စောပီး ဆိုင်ရှေ့မှာငုတ်တုတ်ထိုင်နေတဲ့ရှိန်းကိူမြင်ရပီ။မနေနိုင်သူက အိဖြူ
အနားကို လျောက်သွားပီး
"မောင်လေး ရှိန်း ကိုနေက 8 နာရီမှာရောက်မှာ မနက်စာစားပီးပီလား အမဆိုင်မှာလိုက်ထိုင်လေ "
ပြောနေကျစကားဖြစ်သလို ထုံးစံအတိုင်း ရှိန်း ကလည်း ပြုံးရင်း ခေါင်းရမ်းသည်။
"အကိုရောက်ရင် ကျတော့်ကို အရင်မြင်စေချင်လို့ မနက်စာကအကိုလာမှစားမယ်အမ ကျတော်စောရောက်နေတာ အကိုကို့မပြောနဲ့နော် အမအိဖြူ"
"ဟော်တော် "
အိဖြူ ရင်ဘတ်လေးဖိရင်း ရှေ့မှာငုတ်တုတ်ထိုင်နေတဲ့ ဖြူဖြူနုနု ရုပ်ချောချော ကောင်လေးကို ငေးကြည့်မိသည်။
အိဖြူ ဆိုင်ထဲကနေ ကြည့်နေရင်းပဲ ရှစ်နာရီအတိမှာ ကိုနေဆိုင်ရောက်လာသည်။ စည်းကမ်းကြီးပီး စည်းဘောင်နဲ့နေတဲ့သူငယ်ချင်းရဲ့လက်ထဲမှာ စားစရာတွေ ပါလာသည်။ ထိုအခုမှ ငုတ်တုတ်ထိုင်နေတဲ့ကောင်လေးက ထရပ်ပီး လက်ထဲကစားစရာတွေလွဲယူရင်း ဆိုင်ထဲ တစ်ယောက်ကိုတယောက်ကြည့်ပီး ပြုံးရီလို့ဝင်သွားကြသည်။ သိပ်မကြာခင် ဆိုင်ခင်းချင်းအမှုနဲ့ နေ့တနေ့စတင်ကြပီး ညနေ ငါးနာရီမှာ သူမဆိုင်သို့ နှစ်ယောက်သား ဘေးချင်းယှဥ်လျောက်လာကြပါလိမ့်မည်။ ဒါက နေ့စဥ်ဒူဝဖြစ်နေတာ တလခန့်ရှိနေလေပီ။
************************
သော်က ဖုန်းထဲက ပုံကို ကြည့်ပီး လက်သီးကျစ်ကျစ်ပါအောင်ဆုတ်ထားမိသည်။ တောက်ခေါက်သံက အနားက လူတွေကိုပါ တုန်သွားစေတဲ့အထိ။
"ရှိန်း "
အံကြိတ်ရင်း ရေရွတ်မိတဲ့အထိ။ သူ့ကို ပလစ်ပီး ရွေ့နေတဲ့ဇယားတွေ တိုင်းကို သီးခံနိုင်ခဲ့တယ်။ ဘယ်လောက်လက်ပါမိမိ လက်မလွတ်နိုင်တာလည်း ဒီကောင်လေးပါပဲ။ သော်က ရှိန်း ကို ဘားတစ်ခုမှာစတွေ့ခဲ့တာ ရုပ်ချောသလောက် ဂျစ်ကန်ကန် အပေအတေလေးကို မြင်မြင်ချင်းစွဲလန်းခဲ့တာမို့ ဘာပဲလုပ်ပေးရပေးရ ဘာတွေပဲ လုပ်လုပ် နောက်ဆုံး သူ့ရင်ခွင်ဆီပြန်လာရင်ရပီဆိုတဲ့စိတ်ထားခဲ့တာ။ နောက်ဆုံးတခေါက် ခြေလမ်းတွေပျက်နေတာ သိလို့ ပြန်ခေါ်ထားတဲ့ကြားက သူ့သူငယ်ချင်းအိမ်ကိုပြောင်းဖြစ်အောင်ပြောင်းချသွားသည်။ စိတ်ကအလိုလိုသိသည်။ ဒီတခါ ရှိန်းပြန်မလာဘူးဆိုတာ။ သိတဲ့စိတ်ရယ် မူးနေတဲ့အပြင် ဆေးပါချထားတော့ ရှိန်းကို စုတ်ပြတ်နေအောင် လက်ပါမိသည်။ ဒါအပြင် ငြင်းဆန်နေတဲ့ရှိန်းကိူ အတင်း။
YOU ARE READING
ရှိန်း
General Fictionစိတ်ကူးယဥ်ficတစ်ပုဒ်ဖြစ်ပါသည်။ အပြင်လောက အပြင်လူပုဂ္ဂိုလ်များနှင့်တိုက်ဆိုင်ခဲ့သောစိတ်မရှိကြပါနဲ့လို့တောင်းဆိုပါရစေ။