"ကိုနေ"
"ဝေ့"
အိဖြူတခုခုညော်တော့မယ်ဆိုတာသိတဲ့နောက် နှင်းဆီတွေဖြတ်နေရာမှ ကပ်ကြေးကို နဘေးချ ဖုန်းကိူသေချာနားနားကပ်လိုက်ရသည်။
"ငါ့ကို ဆေးရုံလိုက်ကူပါဟယ် "
"နင် အဖော်မပါပဲဘယ်မှမသွားတတ်တော့ဘူးလား ငါနားရက်ဆိုအပြင်မထွက်ချင်တာသိရက်နဲ့ "
"လုပ်ပါဟယ် ဒီတပါတ် သားသားကိုလည်းသွားခေါ်ထားရတော့ ငါပင်ပန်းနေတာ နင်သိတယ်မလား "
"အိဖြူငါပြောမယ် နင့်ယောကျာ်နဲ့ ပြန်တည့်တော့ အလကား
ဘာမှလည်းမဟုတ်ဘူး ကလေးက ဟိုအိမ်ရောက်လိုက် ဒီအိမ်ရောက်လိုက်နဲ့ ""တော်စမ်း ဒင်းနဲ့ငါမပေါင်းနိုင်ဘူး အဲ့အကြောင်းမပြောဖို့ပြောထားတယ်နော် "
"အင်းပါ အင်းပါ ဆေးရုံက ဘာလဲ ဦးအတွက် ဆေးယူပေးဖို့ပဲလား "
"ဟုတ်တယ်ဖေဖေ့ဆေးသွားယူရမှာ ပြန်ပြစရာမလိုသေးပဲဆေးပဲယူရမှာ လုပ်ပါလိုက်ကူပါဟယ် ငါ နင့်ဆိုင်ကို ကြော်ညာပေးထါးတာနင်သိတယ်နော် "
"အေးပါ လာခေါ်လိုက် "
ငြင်းမရတဲ့အဆုံး သူငယ်ချင်းမနောက်လိုက်ရန် ပြင်ဆင်ထားရတော့သည်။
**********************
"ရှိန်း သက်သာရဲ့လား "
"အင်း "
"အိပ်လိုက်အုန်း ငါ ထမင်းသွားစားအုန်းမယ် ပြန်လာမယ် "
"အင်း "
ညီညီသူငယ်ချင်းကို ထားခဲ့ပီး ဆေးရုံအောက်ထပ်ဆင်းခဲ့သည်။ စိတ်မချတာမို့ မြန်မြန်စား မြန်မြန်ပြန်တက်ရမည်။
ရှိန်းတယောက် ကိုသော်က တိုက်ခန်းကနေ ညီညီ့တိုက်ခန်းပြောင်းလာပီး သုံးရက်မြှောက်နေ ညီညီမရှိတုန်း သူ့ကို သတိမေ့အောင်အထိ ထိုးကျိတ်ရိုက်နက်ပီး အတင်းအဓမ္မ။
အရင်က သူသေချင်သည်။ သေသွားဖို့ အတွက် ပေတေနေသည်။ အခုတော့မသေချင်ဘူး အနဲဆုံး ဆံပင်ရှည်တွေနဲ့လူရဲ့မျက်နှာကို ငေးကြည့်နေချင်သေးသည်။ သွေးထွက်လွန်ယုံမက အောက်ပိုင်းတခုလုံးကျိန်းစပ် ပီး သတိလွတ်ချင်ချင်အချိန် ညီညီ့ကိုဖုန်းရအောင်ခေါ်ခဲ့သည်။ အပြေးရောက်လာတဲ့ ညီညီ့ကြောင့်သာ သူမသေခဲ့တာ။
YOU ARE READING
ရှိန်း
General Fictionစိတ်ကူးယဥ်ficတစ်ပုဒ်ဖြစ်ပါသည်။ အပြင်လောက အပြင်လူပုဂ္ဂိုလ်များနှင့်တိုက်ဆိုင်ခဲ့သောစိတ်မရှိကြပါနဲ့လို့တောင်းဆိုပါရစေ။