"ကိုနေ ကိုနေ ဟဲ့နေရောင် ဟိုမှာကြည့်စမ်း "
အိဖြူနဲ့အတူ စာအုပ်ဝင်ဝယ်ကြရင်း shopping mall ထဲ နေရောင်ရောက်နေသည်။ မိန်းကလေးတို့ထုံးစံ ဟိုဟာဝယ်ချင် ဒါဝယ်ချင်တွေကြောင့် လွယ်လွယ်နဲ့ ပြန်မထွက်ဖြစ်။ မွေးကတည်းကအတူကြီးပြင်းလာတဲ့ အိဖြူဆီမှာလည်း သူပဲရှိတာမို့ စိတ်ရှည်လက်ရှည်လိုက်ကူပေးဖြစ်သည်။
အိဖြူညွှန်ရာကြည့်လိုက်တော့ ရှိန်း။ ဟုတ်တယ်ရှိန်း ။ တကိုယ်လုံးအဖြူရောင်ဝတ်ထားတဲ့ရှိန်းက လူကြားထားထင်ပေါ်နေတာမျိုး။ထိုကောင်လေးဘေးမှာ ကိုယ်နဲ့မတိမ်းမယိမ်းအရွယ်အမျိုးသားတယောက်ပါသည်။ နှစ်ယောက်သားရီရီမောမောနှင့်သူတို့နားရောက်လာသည်။ သူနဲ့အိဖြူကိုမြင်တော့ မျက်နှာကွက်ကနဲပျက်သွားပီး အမျိုးသားကိုတွဲထားတဲ့ သူ့လက်ကို မသိမသာလွတ်ချလိုက်တဲ့ရှိန်းက သူ့ကိုတည့်တည့်ကြည့်ပီး ခေါင်းငုံသွားသည်။ နေရောင် မမြင်သလို မျက်နှာလွဲရန်ကြိုးစားပေမဲ့ မလုပ်နိုင် ကောင်လေးရဲ့ ငုံ့သွားတဲ့မျက်နှာကို မြင်ရအောင်လိုက်ကြည့်မိသည်။
"အသိလားရှိန်း "
ဆက်မသွားပဲရပ်နေတဲ့ရှိန်းကို ဘေးနားက သူ့လူကမေးသည်။ ရှိန်း သူတို့ကို အကြည့်လွဲရင်း
"မဟုတ်ဘူး " ပြောပီးတာနဲ့ သူတို့ဘေးက သွက်သွက်ဖြတ်သွားလေသည်။
"ဟယ် "
အိဖြူရဲ့ အာမေဋိတ်။ ခေါင်းတပါတ်လည်မတတ်လှည့်ကြည့်တဲ့ အိဖြူကို နေရောင် လက်တို့ပီး
"ပြန်ရအောင် အိဖြူ "
"ဟဲ့ရေ ကောင်လေးကလေ ဘာလဲ ဂေးလါး ပီးတော့ငါတို့ကိုမသိဘူးတဲ့"
"တကယ်လည်းငါတို့နဲ့သူက အသိမိတ်ဆွေမှာမဟုတ်တာ မသိလို့မသိဘူးဖြေတာပဲလေ အဆန်းလား လာပါပြန်ရအောင် "
နောင်ရောင် အိဖြူကို ဆွဲခေါ်လာပေမဲ့ ရင်ထဲတော့ ဆူးချောင်းငယ်သေးသေးလေးလာစိူက်သည်။ တညတာ သူ့အိမ်မှာ အိပ်သွားဖူးပေမဲ့ သူ့ကိုမသိဘူးတဲ့လား။ ထားလိုက်ပါတော့ ဒီလောက်ကလေးက အသိမိတ်ဆွေလို့သတ်မှတ်လို့ရချင်မှရမှာပေါ့လေ။
YOU ARE READING
ရှိန်း
General Fictionစိတ်ကူးယဥ်ficတစ်ပုဒ်ဖြစ်ပါသည်။ အပြင်လောက အပြင်လူပုဂ္ဂိုလ်များနှင့်တိုက်ဆိုင်ခဲ့သောစိတ်မရှိကြပါနဲ့လို့တောင်းဆိုပါရစေ။