"ဘာတဲ့လဲရှိန်း "
"ညီညီက OT ဆင်းရမယ်တဲ့ "
ဖုန်းကိုစားပွဲပေါ်လှမ်းတင်ရင်း ရှိန်း ဆိုသည်။ တစ်ဆက်ထဲမှာပဲ
"ညီညီ လာမလာသိရပီဆိုတော့ ကိုနေရောင် ပြန်လိုက်တော့လေ နောက်ကျတော့မယ်"
နေရောင် ရှိန်းကို ပြုံးကြည့်ပီး
"ကျတော့်ရည်းစားပူပူနွေးနွေးလေးကို ကျတော်ကစိတ်ချမယ်မင်းထင်တယ်ပေါ့ "
"မဟုတ် "
ရှိန်း မျက်နှာလေးတွေရော နားရွက်ဖျားလေးတွေပါနီရဲလို့နေသည်။ ထူပူနေအောင်ရှက်တတ်လာတာ ဒီလူနဲ့မှ။
"ခဏလေးစောင့် ကျတော် ထမင်းဆင်းဝယ်ပီး ပြန်လာမယ်နော် "
ရှိန်း ခေါင်းညိမ့်လိုက်တော့သည်။ တကယ်တော့ ညီညီသည်လည်း ကိုသော်က ရန်ကြောင့်သာစောင့်အိပ်နေတာ သူ့အလိုဆို ပင်ပန်းလို့ မအိပ်စေချင် မနက်အလုပ် ည ရှိန်း ဆီ လာလာအိပ်ပေးနေရတာအားနာနေပီ။ ကိုယိတိုင်လည်း ထူထူထထ လမ်းလျောက်နိုင် သွားလာနေနိုင်ပီမို့ ညီညီ့ကိုအားနာသည်။ ကိုနေရောင် ကိုတော့အထူးပြောစရာ ပိုအားနာတဲ့အပြင် ရှက်တာလေးပါပိုရသည်။
တကယ်မကြာခင် ကိုနေရောင်ပြန်ရောက်လာတယ် ထမင်းတစ်ဘူး နောက် ရှိန်း စားချင်တယ်ပြောတဲ့ အာလူးကြော်အထုပ်လေးတွေရယ်။
"အိဖြူခဏနေလာမယ်တဲ့ "
အသိပေးသလိုပြောရင်း စီးကရက်ကိုထုပ်ယူသည်။ ပီးတော့ချက်ခြင်းပြန်ထည့်သည်။ နေ့ခင်းကလည်းတခါ ထိုသို့ပြုမူသည်မို့
"ကိုနေရောင် ဆေးလိပ်သောက်ချင်သောက်လေ "
"ဆေးရုံမှာလေ "
နူးနူးညံ့ညံ့ပြောသည့် ကိုနေရောင့်ကို ရှိန်း ငေးမောရသည်။ စည်းတွေဘောင်တွေ နဲ့ ကန့်သတ်နေထိုင်တတ်သူသည် သူ့ကိုချစ်တယ်တဲ့လား။ မယုံရဲပေမဲ့ ယုံချင်သည်။ ယုံလည်းယုံနေသည်။
"တနေကုန်ဆိုတော့ ပါးစပ်တော့နဲနဲချဥ်လာတာပေါ့ ခဏက ဆေးရုံအပြင်မှာ သုံးလေးဖွာ ဖွာခဲ့သေးတယ် ရပီ"
"အင်း ဒါနဲ့ ကိုနေရောင် "
ရှိန်း မေးချင်နေသည့် စကားတို့ကို မေးသင့်မမေးသင့် စီစစ်ပီး ခေါင်းရမ်းလိုက်သည်။
YOU ARE READING
ရှိန်း
General Fictionစိတ်ကူးယဥ်ficတစ်ပုဒ်ဖြစ်ပါသည်။ အပြင်လောက အပြင်လူပုဂ္ဂိုလ်များနှင့်တိုက်ဆိုင်ခဲ့သောစိတ်မရှိကြပါနဲ့လို့တောင်းဆိုပါရစေ။