မနေ့ညက စာဖတ်နေတုန်း လာတဲ့ဖုန်းက ဆူးပါတဲ့နှင်းဆီတွေ ဝယ်သွားတဲ့ ရှိန်းဆိုသောလူငယ်ရဲ့ ဖုန်းဆိုတာ နေရောင် သိသည်။ ဖုန်းကိုင်လိုက်တဲ့အခါ လူငယ်က ပြောချင်တာတွေပြောယုံမက ငိုလို့နေသည်ကို နေရောင်ဒီအတိုင်းနားထောင်ပေးဖြစ်သည်။ ဒါဏ်ရာတွေကို သူနားလည်သည်။ သူလည်းနာကျင်ဖူးသည်။ လူငယ်မှာလည်း ထုပ်ဖော်ခြင်းငှာမတတ်သာတဲ့ဒါဏ်ရာတွေရှိပေလိမ့်မည်။ ထို့ကြောင့်လည်း နေရောင်ဖုန်းမချဖြစ်။
တကယ်တန်းကျတော့ ထိုရှိန်းဆိုသော ကောင်လေး သူ့ဆီက ပန်းလာမယူပါ။လာမှ စိတ်ကြိုက်စည်းပေးမယ်စဥ်းစားထားပီး မစည်းထားဖြစ်သလို ထိုလူငယ်လည်းမလာပါ။ တစ်ရက် နှစ်ရက် သုံးရက် နောက်လေးရက်မြောက်တဲ့နေ့။
"အိဖြူ "
"အင်း "
လူရှင်းလို့ သူငယ်ချင်းနှစ်ယောက်အတူ စာဖတ်နေချိန်
နေရောင်မနေနိုင်တဲ့အဆုံး မေးမိတော့သည်။"ငါ့ဆီက ပန်းဝယ်တဲ့ကောင်လေးမင်းသိတယ်မလား "
"ဘယ်သူလဲ အော်ဟိုတယောက် "
"အင်း သူဆိုင်ကိုလာသေးသလား "
"မလာဘူး ကိုနေရဲ့ အဲ့ဒီပန်းဝယ်သွားတဲ့နေ့ကနောက်ဆုံးပဲ ဘာလို့လဲ "
နေရောင်ခေါင်းရမ်းလိုက်သည်။
"ဘာမှမဟုတ်ပါဘူး မင်းနဲ့သိတာကြာပြီလား "
"မကြာသေးပါဘူး ကိုနေရဲ့ ဟဲ့ သူကလေ ကော်ဖီသာမှာတာမသောက်ဘူးသိလား "
"ဘယ်လို "
"ဟုတ်တယ် သူ့ကြည့်ရတာ ကော်ဖီကြိုက်လို့လာတာမဟုတ်ဘူးသိလား ဟဲ့ ဟဲ့ ပီးတော့လေ "
သူ့လက်မောင်းကိုတဖြတ်ဖြတ်ရိုက်ပီး အိဖြူကိုစိတ်လှုပ်ရှားစွာအနားကပ်လာသည်။
"နင့်ကိုစိုက်စိုက်ကြည့်နေတာသိလား ပီးတော့လေ "
"ဟ တော်တော့ ပေါက်ကရတွေ "
အိဖြူ တဟီးဟီးရီနေတာကြည့်ပီး ထရပ်လိုက်သည်။
"ငါပြန်ပီ ကလေးသွားကြိုရတော့မယ်မလား မဟုတ်တာတွေတွေးမနေနဲ့ "
YOU ARE READING
ရှိန်း
General Fictionစိတ်ကူးယဥ်ficတစ်ပုဒ်ဖြစ်ပါသည်။ အပြင်လောက အပြင်လူပုဂ္ဂိုလ်များနှင့်တိုက်ဆိုင်ခဲ့သောစိတ်မရှိကြပါနဲ့လို့တောင်းဆိုပါရစေ။