15🔞

906 35 21
                                    

ဒီနေ့က ရှိန်းရဲ့ အသက် 24 နှစ်ပြည့်မွေးနေ့။ ဆောင်းကုန် နွေကူးခါစ သစ်ရွက်ခြောက်တို့ကြွေပီး ကြည့်လေရာ ဆွေးရတဲ့ မတ်လ အစပိုင်းဟာ ရှိန်းရဲ့ မွေးနေ့ ဖြစ်တယ်။ သွက်လက်ထက်မြက်တဲ့ ရှိန်းဟာ တခါတလေ အဆွေးဓာတ်ခံရှိတာဟာ ဒီလို ကာလမှာမွေးလို့လားလို့မေးတော့ ရှိန်း ရီသည်။

ရှိန်း ဖေဖေမေမေ တို့အိမ်ထောင်ကွဲကိုယ်စီဖြစ် တဲ့နောက်ပိုင်းမှာ ရှိန်းဟာတွယ်တာ လွယ်သူဖြစ်ကြောင်း ရှိန်းပြောပြဖူးသည်။ မိတကွဲ ဖတကွဲနေရတဲ့ ရှိန်း ဟာ အပြင်မှာ အနေများပီး မိဘတွေ ဆီက ချစ်ခြင်းမေတ္တာအစား ငွေကြေးတွေသာ ရရှိဖူးသူမို့ သူ့အချစ်ဦးအပေါ်တွယ်တာလွန်းခဲ့သည်။ အခုထပ်ပီး အချစ်ဆုံးဖြစ်တဲ့ ကိူနေရောင့်အပေါ် လုံးဝတည်မှီ တွယ်တာတတ်သူဖြစ်လာပြန်သည်။ စိတ်ရော လူပါ ကျန်းမာဖို့ နေရောင်ချစ်ခြင်းမေတ္တာတွေနဲ့သာ ကုစားခဲ့ရသည်။ စိုးရိမ်လွန်တတ်တဲ့ ရှိန်းက အချစ်လည်းကြီးလွန်းသည်။ မသိမသာ အလျော့ပေးတတ်တဲ့ရှိန်း က အချွဲလည်းပိုသည်။ ဒါတွေကပဲ နေရောင့်ကို ဆွဲဆောင်နိုင်လွန်းတာဖြစ်တယ်။

"ကဲနေရောင် အဆင်သင့်ဖြစ်ပီ"

အိဖြူရဲ့ဆိုင်လေးဟာ ဒီနေ့ အခန်းအနားပိစိလေးလို လှလှပပပ။ ရှိန်းရဲ့မွေးနေ့ဖြစ်သလို ရှိန်းကို နေရောင်လက်ထပ်ခွင့်တောင်းမဲ့နေ့ ပီးတော့ ဘဝတလျောက်လုံး ဘယ်လိုခက်ခဲပါစေ ရှိန်း လင်ကိုတွဲသွားမယ်လို့ကတိသစ္စာပြုမဲ့နေ့။

"လက်စွတ်ရော "

"ပန်းစည်းထဲမှာ "

တိုးတိုးပြောနေတဲ့ သူငယ်ချင်းနှစ်ယောက်။ နေရောင်လက်ဖဝါးနှစ်ဖက်ကိုပွတ်သပ်ရင်း ထိုင်ခုံပေါ်ထိုင်လိုက်ထလိုက်။

"စိတ်လှုပ်ရှားနေတာလား ကိုနေ"

"ဟုတ်တယ် အရမ်းပဲ "

"ဝိုင်နဲနဲသောက်မလား "

"တော်ပါပီ ရှိန်းမလာသေးဘူးလား "

"ညီညီ သွားခေါ်နေပါပီ နင်ကလည်း လာအုန်း သတို့သားက ဖြစ်ပျက်နေတာ နင့်ဆံပင်တွေငါချည်ပေးပါရစေ နောက်ဆို ငါမပိုင်တော့ဘူး နင့်ကောင်လေးချည်ပေးတါပဲနင်ခံရတော့မယ် "

ရှိန်းWhere stories live. Discover now