12 ⚠

693 39 13
                                    

ရှိန်း ညီညီ့ဆီ ပြန်မလာဖြစ်ကြောင်း ဖုန်းဆက်တော့ ညီညီက ရီနေခဲ့သည်။ ဘာမှမမေးပါပဲ ဒီအတိုင်း ဆေးရုံကလို အတူအိပ်ကြယုံလို့ ဖြေလိုက်သေးသည်။ ပီးတော့ ရှိန်း မရှက်စဖူးရှက်နေသေးသည်။

ဆိုင်ကယ်တွေသွင်းနေတဲ့ ကိုနေရောင်ကို မဝံ့မရဲ ကြည့်မိသေးသည်။ ကိုနေရောင် အိမ်ပေါ်တက်လာတဲ့အခါ

"ဟို အကို ကျတော် ဘာသာအိပ်ယာခင်းလိုက်မယ် အခင်းတွေဘယ်မှာယူရမလဲ "

"ရှိန်း အိပ်ချင်ပီလား "

"အဲ့လိုတော့လည်းမဟုတ် လုပ်စရာမရှိလို့ "

"ကျတော့်နားလာနေလေ စာဖတ်ပြမယ် မဖတ်ချင်ပေမဲ့နားထောင်ချင်တယ်မလား ကျတော် ရိုမီယို နဲ့ ဂျူးလိယက် ပုံပြင်ဖတ်ပြမယ် "

"အင်း ဒါပေမဲ့ အိပ်ယာအရင်ခင်း "

"ရှိန်းက ကျတော်နဲ့ မအိပ်ချင်ဘူးလား "

"အိပ်မယ် "

ဆတ်ကနဲ အလျင်စလိုဖြေတဲ့ ရှိန်းက ပီးမှရှက်သွားတာချစ်စရာ။

"အိပ်မယ် အိပ်ချင်တယ် ကျတော့်ကြောင့်အကို အနှောက်အယှက်ဖြစ်မှာစိုးလို့ "

"ပြောထားတယ်လေ ရှိန်းက ကျတော့်အတွက်အနှောက်အယှက်မဟုတ်ပါဘူးလို့ "

"အဟင်း "

ရှိန်းရီသည်။ ပီးတော့ သူ့ရင်ခွင်ဆီတိုးဝင်သည်။

"ကျတော့်အိပ်ယာကလည်းတယောက်အိပ်ပဲ ခေါင်းအုံးတော့နှစ်အုံးရှိတယ်"

"ဒါပေမဲ့ ကျတော့် အကိုလက်မောင်းပေါ်မှာပဲအိပ်ချင်တယ် "

"ရပါ့ဗျာ လာ "

ကုတင်မပါတဲ့ တယောက်အိပ်မွေ့ယာထူထူလေးပေါ် အတူယှဥ်တွဲ မှီထိုင်ရင်း ကိုနေရောင် ဖတ်ပြတဲ့ စာထက် ကိုနေရောင့်အသံအနိမ့်အမြင့်လေးကို ရှိန်း လိုက်နားထောင်မိသည်။

"ဒီလိုနဲ့ ရိုမီရိုလည်း သူ့ချစ်သူ ဂျူလီယက်ရဲ့နောက် လိုက်သွားဖို့ အဆိပ်ပုလင်းကိုမော့သောက်လိုက်ပါတော့သတဲ့ "

"အကို "

"ဗျ"

"ဆက်မဖတ်နဲ့တော့ ဇတ်သိမ်း ကျတော်မကြိုက်ဘူး "

ရှိန်းWhere stories live. Discover now