"ဘာလိုချင်ပါသလဲ ကြည့်ပါဗျ"
ရှိန်း အော်ဒါလေးတစ်ခုအတွက် ငွေစက္ကူလေးတွေခေါက်နေရာမှ ဆိုင်ထဲဝင်လာတဲ့လူရိပ်ကြောင့် ပြုံးပီးလှမ်းပြောလိုက်သည်။ သို့သော် သူ့အပြုံးတွေကလမ်းခုလတ်တင်ရပ်သွားလေသည်။
ကိုနေရောင် အပြင်ကို အော်ဒါသွားပို့နေတုန်း အချိန်ကိုက်လာတဲ့ ကိုသော်က ။
"လိုချင်တာတော့ မင်းကိုပဲ "
ရှိန်း လက်ကလေးတွေ တဆတ်ဆတ်တုန်နေကြောင်း ကိုင်ထားတဲ့ အလှစက္ကူလေးတွေကိူကြည့်ရင်သိနိုင်သည်။ မျက်တောင်မခတ်တမ်းကြည့်ရင်း
"ခင်ဗျားဘာလာလုပ်တာလဲ "
"အိုးးးး ကိုယ့်အဖိုးတန်လေးက လေလွင့်လမ်းပျောက်ပီး ရောက်ချင်ရာပေါက်ချင်ရာ ရောက်နေတော့ ကိုယ်လာခေါ်ရတာပေါ့ ရှိန်းရဲ့ "
"အပိုတွေမပြောနဲ့ ကိုသော်က ခင်ဗျားနဲ့ ကျတော်ပီးပီ "
"ကိုယ်မပီးဘူးလေရှိန်းရဲ့ မင်းပဲအချိန်ကြာတာသဘောကျခဲ့တာမလား ကိုယ်ကျင့်ယူထားရတဲ့အလေ့အထတွေက "
"ခင်ဗျား ထွက်သွား "
"မင်းလိုက်ခဲ့ရင်အခုချက်ချင်းဒီလိုဆိုင်ထဲက ကိုယ်ထွက်မှာမပူနဲ့ "
"မလိုက်ဘူး ထွက်သွားနော် "
"ရှိန်း "
ကိုသော်က ရှိန်းကို အေးစက်စက်ကြည့်သည်။
"မင်း အဲ့လူ ထိခိုက်မှာတော့မလိုချင်ဘူးထင်ပါရဲ့ "
"ကိုသော်က "
ရှိန်းအော်ပစ်သည်။ ပို၍ တဆတ်ဆတ်တုန်နေသောလက်များသာမက မျက်ရည်တို့ရစ်ဝဲ နီရဲနေတဲ့ မျက်ဝန်းအိမ်က ကျားရိုင်းလေးတကောင်အလား။
"ခင်ဗျား ကိုနေရောင်ကိုထိကြည့်လိုက် ကျတော်အသက်ချင်းလဲမှာ "
"အို အို အဲ့လောက်ကိုလား အဲ့လိုကိုဖြစ်နေပီလား ရှိန်းရဲ့ "
ရွဲ့တဲ့တဲ့ ကိုသော်က အပြုံးတွေကို ရှိန်း မထီမဲ့မြင်ပြန်ကြည့်ရင်း
"ကျတော့်ကိုလည်း ခင်ဗျားသေစေချင်မယ်မထင်ဘူး ကိုနေရောင် တခေါက်ထိခိုက်ရင် ကျတော့်အသက် တပုံသေအောင်ကျတော်လုပ်မယ် ခင်ဗျားကြည့်ထားလိုက် "
YOU ARE READING
ရှိန်း
General Fictionစိတ်ကူးယဥ်ficတစ်ပုဒ်ဖြစ်ပါသည်။ အပြင်လောက အပြင်လူပုဂ္ဂိုလ်များနှင့်တိုက်ဆိုင်ခဲ့သောစိတ်မရှိကြပါနဲ့လို့တောင်းဆိုပါရစေ။