ဟန်နီးမွန်းသည် ရှိန်းသိပ်သွားချင်တဲ့ ပူတာအို ခရီးစဥ်။
မတ်လနေသည် ရေခဲတောင်တွေကိုအလုံးစုံအရေမပျော်စေသေးသောကြောင့် ပူတာအိုသည် လှပဆဲ။လေယာဥ်ကွင်းလိုက်ပို့တဲ့ အိဖြူသည် အားကျစွာ နေရောင့်လက်မောင်းတို့ကိုဆုတ်ကိုင်လျက်
"ငါလည်းပူတာအိုရောက်ဖူးချင်တယ်ဟယ်"
"လိုက်ခဲ့ပါဆိုတာကို "
နေရောင် ပြုံးရင်းပြောသည်။
"တော်ပါပီ နင်တို့လွတ်လွတ်လပ်လပ်သွားပါ "
"နောက်နှစ်ထပ်သွားမယ်လေ မအိဖြူ ကျတော်တို့ Anni ကျရင်ပေါ့ အဲ့ချိန်ကျရင် ရေခဲတောင်ပါတက်ကြမယ် ဖုန်ကန်ရာဇီ တက်ချင်တာ ကျတော့်အိမ်မက်ပဲ အခုတော့ ကြည့်ယုံပဲပေါ့ "
"ဟုတ်တယ် ဟုတ်တယ် နောက်နှစ်ငါတို့ရေခဲတောင်တက်ကြမယ် ကိုနေ ဒူးမကောင်းရင်နေခဲ့ "
"ဘာတွေလျောက်ပြောနေတာလဲ "
အိဖြူရဲ့ အော်ကြီးဟစ်ကျယ် ပါးစပ်ကိုတော့ နေရောင်တကယ်မနိုင်။ public area မှာကိူ ပြောချင်ရာပြောနေတော့သည်။
"ငါတို့ဝင်တော့မယ် ပြန်လာရင် ရှီးပဒီးနဲ့ဆင်မတောပြောင်းအရက်ဝယ်လာမယ် နင့်ယောကျာ်အတွက်"
"ဘာလုပ်ဖို့ ဟဲ့ နင် "
အနားကပ်ပြောတဲ့ နေရောင့်ကို အိဖြူ တဖျတ်ဖျတ်လိုက်ရိုက်သော်လည်း နေရောင်တယောက်ရှိန်းလက်ကိုဆွဲပြေးသွားတော့သည်။ အနောက်ကအော်သံသဲ့သဲ့သည်
"မသာ အဲ့ဒါနင်သောက်ရမှာဟဲ့"
**********
လေယဥ်ကွင်းကထွက်တာနဲ့ မြင်ရတဲ့ ဖုန်ကုန်ရာဇီသည် နေရောင်အောက်တွင်လှပစွာ။ အအေးမလျော့သေးတဲ့ ပူတာအိုရဲ့ မနက်ခင်းသည် မြူမှုန်များကြားလှလှပပ။ ဒေသခံ စကားဝဲဝဲ တိုင်းရင်းသားတွေရောင်းတဲ့ မနက်စာ ဆန်ခေါက်ဆွဲကို ရှိန်း နှစ်ပွဲစားသည်။ ငရုပ်ကောင်းခတ်ထားတဲ့ ငါးဟင်းရည်ပူပူကို ရဝမ်လူမျိုးဆိုင်ရှင်အန်တီကြီးဆီက သုံးလေးခါထတောင်းတဲ့ ရှိန်း ကို အန်တီကြီးကစေတနာတွေပိုကာ ငါးဆုတ်တွေညှပ်ထည့်ပေးသည်။ ချစ်စရာကောင်းလွန်းတယ်ဆိုတော့ ရှိန်း က အန်တီကြီးနားကပ်ချွဲနေတော့သည်။ ခေါင်းစွတ်အနက်ကလေးစောင်းထားပီး လေဖောင်းဂျာကင်ထူအနက် ဝတ်ထားတဲ့ရှိန်းဟာ နှင်းရုပ်ကလေးနှင့်တကယ်တူသည်။
YOU ARE READING
ရှိန်း
General Fictionစိတ်ကူးယဥ်ficတစ်ပုဒ်ဖြစ်ပါသည်။ အပြင်လောက အပြင်လူပုဂ္ဂိုလ်များနှင့်တိုက်ဆိုင်ခဲ့သောစိတ်မရှိကြပါနဲ့လို့တောင်းဆိုပါရစေ။