"ဆိုတော့ ဒီနေ့မင်း ကိုနေရောင်အိမ်သွားမယ်ပေါ့ "
"အင်း ဘာလို့လဲ "
ပြုံးစိစိဖြစ်နေတဲ့ ညီညီ့လက်မောင်းကို ဖွဖွထိုးရင်း
"မဟုတ်တာတွေတွေးမနေနဲ့ "
ကိုယ်တိုင်လည်းရှက်ပြုံးပြုံးမိသည်။ ဒါပေမဲ့ ရှိန်း ကိုနေရောင် နဲ့ ချစ်သူဖြစ်လာတဲ့ တလကျော်အတွင်း နှုတ်ခမ်းလေးကိူဖွဖွလေးငုံနမ်းသည်ကလွဲ စကားနဲ့ရော အပြူအမူနဲ့ပါ ကိုနေရောင်ဆီက မလွန်ကြူးဖူးပါ။ စောင့်ထိန်းနိုင်တဲ့ချစ်သူကို သူကိုယ်တိုင်လည်း စကားမဟရဲခဲ့။
"ညရော ပြန်အိပ်မှာလား "
"ညီညီ "
ဆောင့်အော်လိုက်တော့ ညီညီ တဟားဟားရီသည်။
"ပြန်အိပ်မှာပေါ့ကွ ညနေပြန်လာမယ် "
"ဟုတ်ပီ ဟုတ်ပီ ပြန်မလာဖြစ်ရင်လည်းဖုန်းတော့ဆက်ပေး "
"ညီညီ "
အော်ရီရင်း ထွက်သွားတဲ့ ညီညီကျောပြင်ကိုကြည့်ပီး ရှိန်း မျက်နှာတို့ပူနွေးသွားရသည်။ ဖြစ်နိုင်ရင် ဆေးရုံပေါ်က ညလိုနွေးနွေးထွေးထွေးလေးတော့ တိုးဝင်အိပ်စက်ချင်ပါသည်။
**********************
နောက်ဆုံးလာခဲ့တုန်းက မှောင်ရီပျိုးနေတဲ့ချိန်လာခဲ့ဖူးတဲ့ နှင်းဆီတွေခြံလုံးပြည့်နဲ့ အိမ်လေးသည် ယခုအခါ မနက်ခင်းနေရောင်အောက်မှ လှပလို့ ။ မြို့စွန်လိုနေရာမှာရှိတဲ့ ခြံလေးမို့ လေကောင်းလေသန့်ရသလို ဟိုးဝေးဝေးက တောင်တန်းတွေကိုလည်းမှိုင်းရီရီတွေ့နေရသည်။
"လာ အကို ပဲပြုပ်နဲ့ထမင်းဆီဆမ်းနယ်ထားပေးတယ် နွားနို့လည်းရှိတယ် "
ကော်ဖီမသောက်တဲ့သူ့အတွက် နွားနို့ အမြဲ ကြိုယူလာပေးတတ်သူသည် ဒီနေ့လည်းထုံးစံမပျက်။
ခြေတံရှည်အိမ်လေးရဲ့ အိမ်ရှေ့ကပြင် သစ်သားကွတ်ပျစ်လေးပေါ် အသင့်ခင်းထားတဲ့ထမင်းစားခုံပုလေးဘေး ရှိန်း ဝင်ထိုင်လိုက်သည်။ အုပ်စောင်း ဖွင့်လိုက်တော့ ပဲဆီနံ့သင်းသင်း ထမင်းပူပူတပန်းကန် ။
YOU ARE READING
ရှိန်း
General Fictionစိတ်ကူးယဥ်ficတစ်ပုဒ်ဖြစ်ပါသည်။ အပြင်လောက အပြင်လူပုဂ္ဂိုလ်များနှင့်တိုက်ဆိုင်ခဲ့သောစိတ်မရှိကြပါနဲ့လို့တောင်းဆိုပါရစေ။