မိုက်ခရိုဝေ့မှာ ဆန်ပြုပ်ဝင်နွေးနေတဲ့ နေရောင့်ကို အိဖြူငေးကြည့်နေမိသည်။ အေးအေးငြိမ်ငြိမ်ဖြစ်ဖို့ ပြန်လည်တည့်မတ်ထားရတဲ့ သူဆီ ဘယ်လိုကံကြမ္မာတွေထပ်ဝင်လာတာပါလိမ့်ဆိုပီးပေါ့။ ရှိန်းရဲ့သူငယ်ချင်းညီညီက သူမကိုပြောသည်။ ရှိန်းက ကိူနေရောင်ကိုသဘောကျနေတာတဲ့။ နေရောင်ကရော။
ဆန်ပြုပ်တွေချိုင့်ထဲထည့် နွားနို့ဘူး ထည့် ပီး လက်ဆွဲအိတ်ကိုကိုင် စာအုပ်တအုပ်ခါးကြားထိုးထည့်လိုက်တဲ့ နေရောင့်ကို အိဖြူ ကြည့်ပီး
"ဆေးရုံလား ကိုနေ "
"အင်း "
"ဆိုင်ကပိတ်ထားခဲ့တာလား "
"အင်း "
"ဒီလတော့ နင်ပိတ်ရက်တွေများနေတော့မှာပဲ "
"ခါတိုင်းပိတ်ရက် တွေကို ဖွင့်လိုက်မယ် "
ဘာအကြောင်းနဲ့မှ မဖွင့်ခဲ့တဲ့ ပိတ်ရက်တွေကို အစားထိုးဖွင့်လိုက်မယ်တဲ့ ။ သူငယ်ချင်းဖြစ်သူကို အိဖြူ ငေးကြောင်ကြည့်မိသည်။
"ကိုနေ "
"အင်း "
"ငါမေးစရာရှိလို့ "
ငယ်ကတည်းက အတူရှိခဲ့သူတွေမို့ မေးစရာရှိလို့ဆိုတာကို ပါးစပ်နဲ့ မမေးခင်မှာကို မျက်လုံးချင်းအကြည့်စုံနားလည်သွားပီ။
"ငါမပြောနိုင်သေးဘူး "
"ငါစိတ်ပူတယ်နေရောင် "
နေရောင် ခေါင်းညိမ့်ရင်း
"ပြောရမဲ့အချိန် ငါပြောမှာပေါ့ ငါ့မှာ မင်းကလွဲပြောစရာဘယ်သူရှိသေးလို့လဲ "
***********************
အယောင်ကျလာပီဖစ်ပေမဲ့ မျက်နှာနုနုလေးမှာတော့ အညိုအမဲတွေစွဲနေဆဲ။ ရှိန်းက သူဝင်လာတော့ လှဲနေရာမှထထိုင်သည်။
"လှဲနေလေရှိန်း ညီညီသွားပီလား "
"အွန်း "
ညီညီက ညစောင့် နေရောင်က နေ့ခင်းစောင့်ပေးဖြစ်တာ သုံးရက်ရှိပီ။ သုံးရက်အတွင်း သူနဲ့ ရှိန်း စိတ်ချင်း ရင်းနှီးခဲ့တာမြန်မြန်ဆန်ဆန်။ သို့သော် ရှိန်း က သိုဝှက်သည်။ သူထင်တာထက်ပဟေဌိဆန်သည်။ မှန်ပြတင်းမှတဆင့်အဝေးကြီးကို ငေးရီနေတတ်တဲ့ ရှိန်း ကို သူပြန်ငေးကြည့်ဖြစ်သည်။
YOU ARE READING
ရှိန်း
General Fictionစိတ်ကူးယဥ်ficတစ်ပုဒ်ဖြစ်ပါသည်။ အပြင်လောက အပြင်လူပုဂ္ဂိုလ်များနှင့်တိုက်ဆိုင်ခဲ့သောစိတ်မရှိကြပါနဲ့လို့တောင်းဆိုပါရစေ။