ရှိန်း လေလွင့်တယ်။ တလဆိုသောအချိန်အတွင်း နေရောင်ဆိုတဲ့လူကိုထပ်မတွေ့ဖြစ်တော့ဘူး။ ထုံးစံအတိုင်းဇယားတွေရွေ့တယ်။ သူ့နားနေဖို့စိတ်မကုန်တဲ့ ညီညီတယောက်သာ သူပြသနာတွေကိုလိုက်ရှင်းပေးသည်။
နေ့နဲ့ညလည်ပါတ်တာမြန်မြန်ဆန်ဆန်ပဲ။ သိတယ် ကိုနေရောင် ဆံနွယ်ရှည်ခွေခွေတွေ ပုခုံးပေါ်ဝဲ ပီး ဖလန်နယ်ကွက်ကျဲအရောင်မှိန်မှိန်လက်ရှည်ကိုလက်ခေါက်ဝတ်ထားတဲ့ မုတ်ဆိတ်ကျင်စွယ်တွေမရိတ်ထားတဲ့ခင်ဗျားဟာ စာအုပ်တစ်အုပ်နဲ့ အေးငြိမ်စွာ ကော်ဖီဆိုင်လေးထဲမှာရှိနေမယ်ဆိုတာ ကျတော်သိတယ်။ ဒါပေမဲ့။
"ရှိန်း"
"အင်း"
"ကိုသော်က မင်းကိုကြည့်နေတယ် "
"ကြည့်ပစေလေ သူနဲ့ငါဇယားပြတ်ပီ ညီညီ "
"သူကမပြတ်ဘူး မင်းသိတယ်မလား "
"အဟက် ငါ့ကို ယောကျာ် -ာသည် ဆိုပီးပြောထားပီး ဒီ-ာသည်ကို မပြတ်တော့လည်း ခံပေါ့ "
ရှိန်း နာနာကျင်ကျင်ပဲ ရီမောလိုက်သည်။
"ရှိန်း ပြန်ကြမလား ငါချိန်းထားတာရှိသေးတယ် မင်းကိုစိတ်မချလို့ "
"မပြန်သေးဘူး မင်းသွားစရာရှိတာသွားပါ "
"ရလားရှိန်း ငါစိတ်ပူလို့ "
"မင်းကလည်း ငါလည်းယောကျာ်ပါကွ "
"ဒါပေမဲ့ "
"သွားစရာရှိတာသွားပါ"
ညီညီသူ့ကိုစိတ်မချစွာ ထားသွားသည်။ တခွက်ပီး တခွက် ထပ်သောက်ဖြစ်နေရင်း ည အတော်နက်မှ ပြန်ဖို့ ထဖြစ်သည်။ တယောက်ထဲ လမ်းလျောက်ရင်းပဲ တွေးရင်းဆွေးရင်း ရီရင်း မျက်ရည်ကျလျက်။ ဘာကို ခံစားနေရသေးတာလဲလို့ သူ့ကိုယ်သူမေးလာသည်။ ချစ်ပါတယ်ဆိူတဲ့ကောင်က ကလေးတောင်ရလို့သူ့ဘဝသူဖြစ်နေမှပဲကို။ မိမရှိ ဖမရှိ အချစ်မရှိ လေလွင့်ချင်တိုင်းလွင့်ရတဲ့ဘဝကို ဘာမကျေနပ်စရာရှိမှာမို့လဲ။
အတွေးတို့နဲ့လျောက်လာနေတုန်း သူ့လက်တဖက်ကို စောင့်ဆွဲပီး ကားထဲဆွဲသွင်းခံလိုက်ရသည်။ ရုတ်တရက် ရယ် မူးနေတာကြောင့်ရယ်မရုန်းနိုင်လိုက်။ ရေမွေးနံ့နဲ့ကိုဘယ်သူဆိုတာ ရှိန်းသိပီးသား။
YOU ARE READING
ရှိန်း
General Fictionစိတ်ကူးယဥ်ficတစ်ပုဒ်ဖြစ်ပါသည်။ အပြင်လောက အပြင်လူပုဂ္ဂိုလ်များနှင့်တိုက်ဆိုင်ခဲ့သောစိတ်မရှိကြပါနဲ့လို့တောင်းဆိုပါရစေ။