ချစ်ရတာကိုကြောက်တယ်။ ချစ်ခဲ့ဖူးပီ။ မြတ်နိုးတန်ဖိုးထားခဲ့ဖူးပီ။ ဘဝရဲ့ အစိတ်အပိုင်းတချို့ အက်ဆစ်ထဲနှစ်ပစ်ချင်အောင် နာကျင်ခဲ့ရပီးတဲ့နောက် နေရောင် အချစ်နဲ့ခပ်ခွာခွာနေတတ်ခဲ့သည်။
စာအုပ်တွေကိုအဖော်ပြုရင်း သက်သောင့်သက်သာ ဘဝကိုဖြတ်သန်းသွားဖို့ဆုံးဖြတ်ခဲ့ပီမို့ ဒီနှစ်အပိုင်အခြားတွေမှာ ဘဝဟာ ခြောက်သွေ့ပေမဲ့ အပူကင်းမဲ့လျက် အပူအပင်မရှိသလိုပျော်စရာလည်းမရှိခဲ့။ ဝါသနာပါတဲ့ ပန်းဆိုင်သေးသေးဖွင့်ထားပီး တဆက်ထဲမှာပင် ပန်းချီပြခန်းသေးသေးလေးပါတွဲဖွင့်ထားလို့ အတော်အတန်ဝင်ငွေရှိတဲ့ သူ့အတွက် နားအေးပါးအေး စာအုပ်ဖတ်ရာသည် တတိုက်ကျော်က သူငယ်ချင်းအိဖြူဆိုင်သာဖြစ်သည်။ စရိုက်မတူပေမဲ့ ဝါသနာတူတဲ့ သူငယ်ချင်းသည် သူ့ကိုတော့အရိပ်တကြည့်ကြည့်မို့ အိဖြူဆိုင်နှင့်အိမ်သည် သူ့အတွက်စားအိမ်သောက်အိမ် ။
အသက် သုံးဆယ်ဝန်းကျင် အေးအေးငြိမ်ငြိမ် နေတတ်တဲ့သူ။ ဒီလို လူဖွင့်ထားတဲ့ ပန်းဆိုင်လေးမှာ ဆယ်ကျော်သက်ကောင်မလေးတွေရယ် အသက်ကြီးပိုင်းအန်တီတွေရယ် အဝယ်များသည်။ ဆယ်ကျော်သက်လေးတွေကအတွက်တော့ သူ့ပုံက စိတ်ကူးယဥ်စရာ အကိုကြီးပူံဖြစ်ကောင်းဖြစ်နေလို့လာတာမျိုး။ အန်တီကြီးတွေကတော့ အမျိုးအစားစုံပီးစျေးသက်သာတဲ့သူ့ဆိုင်က ပန်းတွေကို လိုချင်လို့လာတာမျိူး။ ပန်းသာမက ရှားပါးပန်းပင်လေးတွေပါရောင်းချလို့ အန်တီကြီးတွေမျက်စိကျတာမဆန်း။
ဒီနေ့လည်း မနက်ခင်းထဲက သူ့ဆိုင်လေး လူကျနေသည်။ ကောင်မလေးတသိုက်အသံစာစာနဲ့ ပန်းချီကားတွေနားဓာတ်ပုံရိုက်နေတာကို ပန်းစည်းအော်ဒါတစ်ခု စည်းရင်းသူပြုံးကြည့်မိသည်။ ကိုယ့်ညီမအရွယ် တူမအရွယ် ကောင်မလေးတွေပေါ့ပေါ့ပါးပါးရီမောနေတာကိုကြည့်ပီးလည်းစိတ်လက်ချမ်းသာရသည်။ ထိုစဥ်။
မှန်တံခါးချပ်ကိုတွန်းဖွင့်ပီး ဝင်လာတဲ့လူငယ်တယောက်။ သူ့ဆိုင်ကို လူငယ်လေးတွေလည်းလာတတ်သည်။ သူတို့ကောင်မလေးတွေရဲ့မွေးနေ့ Anniverstry စတဲ့အထိန်းအမှတ်နေ့တွေအတွက် ပန်းစည်းဝယ်ဖိူ့ပေါ့။ ထို့ကြောင့်ဝင်လာသော လူငယ်ကိုမော့ကြည့်ပီး
YOU ARE READING
ရှိန်း
General Fictionစိတ်ကူးယဥ်ficတစ်ပုဒ်ဖြစ်ပါသည်။ အပြင်လောက အပြင်လူပုဂ္ဂိုလ်များနှင့်တိုက်ဆိုင်ခဲ့သောစိတ်မရှိကြပါနဲ့လို့တောင်းဆိုပါရစေ။