18

555 27 12
                                    

သင်တန်းဆင်းချိန်တိုင်တဲ့အထိ ညီညီရော အကိုပါ ရှိန်းကိုလာမကြိုကြ။ ဖုန်းလည်းမကိုင်ကြ။ ထို့ကြောင့် မအိဖြူကိုဖုန်းဆက်ရန်နံပါတ်ရှာနေတုန်း အကို့ဖုန်းပြန်ဝင်လာသည်။

"ဟလို အကို မအားလို့လား ဖုန်းလည်းမကိုင်ဘူး "

"ရှိန်း "

အသံကြားယုံနှင့် ရှိန်း ခေါင်းမွေးတွေ ထောင်ထကုန်သည်။ စိုးရိမ်ပူပန်မှုက ငယ်ထိပ်ထိရောက်ကုန်သည်။တုန်ယင်တဲ့အသံနဲ့

"ကိုသော်က ခင်ဗျား ကိုနေရောင်ကိုမထိနဲ့နော် "

"မထိစေချင်ရင်မင်းလာလေ ရှိန်းရဲ့ အော်ပီးတော့ နေရောင်တယောက်ထဲ မဟုတ်ဘူး ညီညီရော အဟက် ဟက် "

"ခင်ဗျား ခင်ဗျားအတော်ယုတ်မာတာပဲ "

"မင်းမှ ကိုယ့်ကိုမချစ်တာ ယုတ်မာရမှာပေါ့"

"ခင်ဗျား အခု ဘယ်မှာလဲပြော ကျတော်ပြောထားခဲ့တယ်နော် ကိုနေရောင်ရဲ့ ဆံချည်တမျှင်ထိရင်ကို ကျတော်အသက်ချင်းလဲမှာလို့ ပီးတော့ညီညီ ညီညီ့ကိုထိရင်ခင်ဗျားကိုသတ်ဖို့လည်းကျတော်ဝန်မလေးဘူး ဘယ်လာရမလဲပြော "

"ခဏလေးပါ ခလေးရာ လိပ်စာပို့ပေးပါ့မယ် တခုပဲ တယောက်ထဲလာနော် ဟိုလူဒီလူခေါ်လာရင် မင်းအချစ်တော်လေးတွေ ရဲ့အသက်ကို အာမမခံဘူး "

"ခင်ဗျား စောက်ပါးစပ်ကိုပိတ်ပီး လိပ်စာပို့လိုက် အခု "

ရှိန်းတုန်ယင်နေတဲ့အထိ စိတ်ပူသည်။ ပီးတော့ လူသတ်ချင်စိတ်ပေါက်အောင်ကို ဒေါသတွေထွက်နေရသည်။

စိတ်ကိုငြိမ်အောင်ထား အသက်ဝအောင်ရှုပီး မအိဖြူအမျိုးသားကိုဖုန်းခေါ်လိုက်ရသည်။ မအိဖြူဆို ပိုပြာယာခတ်သွားနိုင်သည်မို့ ကိုမင်းမောင်ကိုသာအကျိူးအကြောင်းပြေရတော့သည်။

တပည့်တယောက်နဲ့ဆိုင်ကယ်နှစ်စီးစီးလာပီး ချက်ခြင်းရောက်လာပေးတဲ့ ကိုမင်းမောင်ဆီက ဆိုင်ကယ်ကိုလက်လွဲယူပီးနောက်

"ကိုမင်းမောင် မမအိဖြူသိရင်စိတ်ပူမယ်ဆိုပေမဲ့ ရဲစခန်းတိုင်ပီးလိုက်လာပေးပါ ကျတော်အရင်သွားနှင့်မယ် "

ရှိန်းWhere stories live. Discover now