နေရောင် ဆိုင်ကယ် ခွကြားလာညှပ်ထားတဲ့ စာကိုကြည့်ပီး မျက်မှောင်ကျုံ့ မိသည်။ အမှန်အတိုင်းပြောရရင် ဒီရက်တွေထဲ မတော်တဆ မမည်တဲ့ မတော်တဆတွေ ခဏခဏ ကြုံနေရသည်။ ပီးတော့ခြိမ်းခြောက်စာလို စာများ။ ရှိန်း စိတ်ပူမှာစိုးလို့မပြောပေမဲ့ စိတ်ထဲ သတိနဲ့ပိုနေဖြစ်သွားဖြစ်သည်။
ယခုလည်း ပျော်နေကြတာပေါ့ ဆိုတဲ့စာ။ သူ့ဘာသာ ဆိုဘယ်သူနှင့် ဘာရန်ညှိးမှမရှိနိုင်သူဆိုတာသေချာတော့ ရှိန်း
ကိုမြစ်ဖျားခံရောက်လာတဲ့ ပြသနာများဆိုတာနေရောင်သိသည်။ ညီညီကလည်း သတိပေးသည် ။ နေရောင်မကြောက်တတ်ပါဘူး ဒါပေမဲ့ ရှိန်းကြောက်မှာကိုတော့စိုးရိမ်သည်။အိမ်ထောင်သက်နှစ်လအတွင်း ရှိန်းသည် အရင်ကထက် စိတ်ကျန်းမာလာသည်။ သူဝါသနာပါရာလေးတွေ ပြန်လေ့လာသည်။ သွက်လက်ချက်ချာတဲ့ရှိန်း ။ ရုပ်ချောလွန်းတဲ့ရှိန်းကြောင့် သူတို့က အတွဲပါ ဆိုတာသိတဲ့နောက်တောင် ဆိုင်ကို ကောင်မလေးတွေ အန်တီကြီးတွေပိုလာကြသည်။ အလုပ်နဲ့လက်နဲ့ မပြတ်တမ်းလုပ်ရင်း ရှိန်းလည်း Cardio class တစ်ခုမှာ နည်းပြဝင်လုပ်သည်။ ရှိန်း တယောက် ဘာမှမလုပ်လည်း သူတင့်တောင်းတင့်တယ်ထားနိုင်ပေမဲ့ လူငယ်အိမ်မက် လူငယ်ဘဝ ပီးတော့ကိုယ်တိုင်ရှာရသောငွေတန်ဖိုးတွေကိုရှိန်းကိုသိစေလိုသည်မို့နေရောင်လွတ်ထားပေးသည်။
အခုတလောတော့ ရှိန်းကိုတယောက်ထဲ လွတ်ဖို့ နေရောင်စိတ်မချတာမို့ အိဖြူကိုအကျိုးအကြောင်း တိုးတိုးတိတ်တိတ်ပြောပီး သင်တန်းအသွားအပြန်လိုက်ပို့လိုက်ကြိုပေးနေဖြစ်သည်။
"အကို "
"ဗျ"
နောက်မှလိုက်စီးလာတဲ့ ရှိန်းက သူ့ခါးကိုဖွဖွလာဖက်ရင်း
"သင်တန်းကိူ ဘာကြောင့်လိုက်လိုက်ပို့ပေးနေတာလဲ "
"စိတ်မချလို့ ကျတော့်ကလေးလေးက လူကြိုက်များတယ် ကျတော်က အပိုင်ဖြစ်ကြောင်းလိုက်ပြရတာ "
ရှိန်းရီသည်။ နောက်သူ့နားတိုးကပ်ဖက်လို့တိူးတိူးပြောသည်။
"ကျတော် အကိုက လွဲရင် ဘယ်သူ့ကိုမှ မြင်လို့မရလို့ စိတ်ချပါဗျာ အပင်ပန်းမခံပါနဲ့ "
YOU ARE READING
ရှိန်း
General Fictionစိတ်ကူးယဥ်ficတစ်ပုဒ်ဖြစ်ပါသည်။ အပြင်လောက အပြင်လူပုဂ္ဂိုလ်များနှင့်တိုက်ဆိုင်ခဲ့သောစိတ်မရှိကြပါနဲ့လို့တောင်းဆိုပါရစေ။