နေရောင် ဆေးရုံမှာတရက်တညသာ နေလိုက်ရပီး အိမ်ပြန်ခဲ့ရသည်။ ရှိန်း သည် အရင်ကထက် ပို၍နေရောင့်ကိုဂရုစိုက်လွန်းလို့ မွန်းကျပ်လာရတဲ့အထိ ။ သန့်စင်ခန်းဝင်ရင်တောင် နောက်ကလိုက်စောင့်နေတတ်တော့ နေရောင် ကိုယ့်ကိုသူပူတာထက် သူ့ကိုပိုလို့ပူပန်ရသည်။ ဘာများဖြစ်နေပါလိမ့်။မေးလည်းမဖြေလာတဲ့အဆုံး စိတ်တိုလာမိသည်။
နှစ်ယောက်သား ညစာ အတူစားရင်း
"ရှိန်း "
"ဗျာ "
"ရှိန်း ကျတော့်ကိုချစ်ရဲ့လား "
"ချစ်တာပေါ့ဗျ ချစ်လို့လည်း ရူးနေအောင်ပူပန်နေတာလေ "
"ဟုတ်ပီ ရှိန်း အခု ဘာကို စိတ်ပူနေတာလဲ ကျတော့်ကိူပြောပြ ရှိန်း ကျတော့်ကိုချစ်ရင်ပွင့်လင်းရမယ်ရှိန်းရဲ့ သိရဲ့လား ကျတော်က ထုံတယ် "
ရှိန်း စားလက်စဇွန်းကိူ လွတ်ချပီး ခေါင်းရမ်းသည်။
"ရှိန်း "
"----"
"ရှိန်းအကြောင်းမရှိပဲ ပူပန်တာ ကျတော်မွန်းကျပ်တယ် ကျတော်ရှိန်းထက် 7 နှစ်ကြီးတယ် ဘဝအတွေ့အကြုံ ရှိန်းထက်ပိုရှိတယ် လောကဓံ ကိုလည်း ရှိန်းထက်ပိုခံစားဘူးတယ် "
နေရောင်ချော့မော့ဖြောငိ့ဖျကြည့်သည်။ ရှိန်းသည် ခေါင်းရမ်းလျက်။ အနုနည်းမရတဲ့အခါ မဖြစ်မနေ အကြမ်းနည်းသုံးရတော့မယ်။
"ရှိန်း "
မထုံတက်တေးနှင့်ရှိန်း။
"ရှိန်း ကျတော့်ကိုမချစ်ဘူး "
"အကို "
ခဏကနဲ့မတူ ငြိမ်နေရာမှ မော့ကြည့်တဲ့ရှိန်းမျက်လုံးတွေဟာ
စူးကနဲ။"ရှိန်းမှာ မျှဝေခံစားလိုတဲ့စိတ်မရှိဘူး ကျတော့်ကိုချစ်တယ်ဆိုတာအပေါ်ယံပဲ"
သူ့စကားကြောင့်ဝုန်းကနဲထရပ်တဲ့ရှိန်း"အကိုဘာစကားပြောတာလဲ ကျတော် အကို့ကိုဘယ်လောက်ချစ်တယ်ဆိုတာ ကျတော်အသိဆုံး အစစအရာရာ အကို့ကို အဦးဆုံးမပေးနိုင်ခဲ့တာကို ခံစားရတယ် အကို့ကိုမကာကွယ်နိူင်မှာစိုးတယ် ကျတော့်ကြောင့် သူများပြောခံရ မုန်းခံရမှာစိုးတယ် ကျတော့်ကိုကျတော် အပစ်တင်တယ် သိမ်ငယ်တယ် ဒီခံစားချက်တွေကိူမြိုသိပ်ထားရတာဘယ်လောက်ပင်ပန်းတယ်ထင်လဲ ဟုတ်ပီ မချစ်ဘူးထင်ရင် ကျတော်တို့လမ်းခွဲမယ် "
YOU ARE READING
ရှိန်း
General Fictionစိတ်ကူးယဥ်ficတစ်ပုဒ်ဖြစ်ပါသည်။ အပြင်လောက အပြင်လူပုဂ္ဂိုလ်များနှင့်တိုက်ဆိုင်ခဲ့သောစိတ်မရှိကြပါနဲ့လို့တောင်းဆိုပါရစေ။