ရှိန်းဆိုတဲ့ ဂျစ်ကန်ကန် ရုပ်ချောချော နဲ့ သူ့ကိုအချွဲပိုတဲ့ကောင်လေး သူ့နားမရှိခဲ့တာ လေးနှစ်ထပ်ရှိသွားခဲ့ပီ။
မနေ့တနေ့ကလိုပါပဲ ရှိန်း ရယ် ။ သူ့ဆီ အကြောင်းပြချက်မရှိပန်းလာဝယ်တဲ့ ရှိန်း သူ့လိပ်စာကဒ် ယူသွားပီး ဖုန်းစဆက်ခဲ့တဲ့ရှိန်း သူ့အိမ်လာပီး ငိုသွားခဲ့တဲ့ရှိန်း သူမြတ်နိုးရတဲ့ရှိန်း သူ့ကိုအသက်နဲ့ရင်းပီး ချစ်ကြောင်းပြသွားခဲ့တဲ့ ရှိန်းမရှိပဲ ရှင်သန်ခဲ့ရတာ လေးနှစ်ထပ်ရှိသွားပီ။မင်းက ရှင်သန်စေချင်ရင် ကျတော်က ရှင်သန်မှာပေါ့ရှိန်းရဲ့။
အခွံသက်သက်ကြီးကျန်ရင်တောင် ကျတော်ကရှင်သန်မှာလေ ရှိန်းရဲ့။ အခု သူ့နှလုံးသားထဲမှာ ရှိန်းရှိနေတယ်ဆိုတော့ သူပိုရှင်သန်ရမယ်ဆိုတဲ့စိတ်တစ်ခုနဲ့ ရှင်သန်ခဲ့သည်။မြင်လေရာ တွေ့လာရာ ရှိန်း အရိပ်တိူ့ကနေကင်းလွတ်ဖို့မဖြစ်နိုင်တာမို့ သတိရရင်ပြိုလဲလိုက် ပြန်ရုန်းထလိုက်နဲ့ ပိန်ပိန်လိန်လိန်နေ့ရက်တို့က တရက်ပီးတရက်လျင်မြန်စွာ။
ကြားထဲမှာ ညီညီတယောက် သူ့ဆီတခါတလေ ရောက်လာရပီးလာငိုသည်။ အထူးသဖြင့် ရှိန်း ဆုံးတဲ့ (23) ရက်လိုရက်မျိူးမှာပေါ့။ သူတော့မငိူဖြစ်တော့။ အထပ်ထပ်မှာသွားခဲ့တာမလား ရှိန်းက သူ့ကိုမငိုစေချင်ဘူး။
ရှိန်းဆုံးပီးနောက် ရှိန်းတက်ချင်သည့် ဖုန်ကန်ရာဇီကို နေရောင် ရှိန်းမပါပဲ သွားတက်ခဲ့သည်။ ရေခဲတွေဖုံးနေတဲ့ ဖုန်ကန်ရာဇီပေါ်မှာတော့ နေရောင်အော်ငိုခဲ့သည်။ ယူကျိုးမရငိုပစ်ခဲ့သည်။
ရှိန်းနဲ့သွားခဲ့ဖူးတဲ့နေရေလေးတွေသွားရင်း ဒီ Anni မှာ ရှိန်းမျှော်လင့်တဲ့နေရာ သူရောက်အောင်သွားပေးကြောင်း ရှိန်း အနားယူရာ အုတ်ဂူလေးမှာလာပြောပြဖြစ်သည်။ပန်းဆိုင်ထပ်မဖွင့်ဖြစ်ပဲ ရှိန်းကြိုက်တဲ့ နှင်းဆီတွေကိုသာပိုစိုက်ဖြစ်ကြောင်း ရှိန်းသိအောင် ရှိန်းဆီသွားတိုင်းနှင်းဆီရဲရဲတို့ယူသွားဖြစ်သည်။ ပိုတိတ်ဆိတ်သွားတဲ့နေရောင့်နားမှာ အိဖြူ မနေပေးနိုင်ခဲ့တာလည်း သုံးနှစ်နီးပါးရှိပီ။ အမျိုးသားအလုပ်ရှိရာမြို့ကို လှည့်ပါတ်လိုက်နေတဲ့ အိဖြူက သူ့ကိုစိုးရိမ်းစွာ ဖုန်းလှန်းလှန်းဆက်တတ်ပေမဲ့ မတွေ့ဖြစ်တာကြာခဲ့ပီ။
YOU ARE READING
ရှိန်း
General Fictionစိတ်ကူးယဥ်ficတစ်ပုဒ်ဖြစ်ပါသည်။ အပြင်လောက အပြင်လူပုဂ္ဂိုလ်များနှင့်တိုက်ဆိုင်ခဲ့သောစိတ်မရှိကြပါနဲ့လို့တောင်းဆိုပါရစေ။