3

875 41 7
                                    

"ဟယ်တော်လက်ထဲက ပန်းစည်းကြီးကဘာလဲ "

ဆိုင်တံခါးတွန်းဖွင့်ရင်ပဲ အိဖြူ တယောက် သူ့လက်ထဲကိုပန်းစည်းကိုလက်ညှိးထိုးမေးလေသည်။ အခါတိုင်းစာအုပ်တအုပ်လက်ကကိုင်ရောက်လာနေကျလူက အခုပန်းစည်းတစ်စည်းနဲ့။

နေရောင် ဆိုင်ထဲဝေ့ကြည့်ပီး

"Customer တယောက်က မင်းဆိုင်မှာယူမယ်ဆိုလို့ "

"ငွေရှင်းပီးသားလား "

"ဟင့်အင်ံ့ "

"လုပ်ပြန်ပီ ကိုနေရယ် နင်ကလည်း အရင်တခါကလည်း ကောင်မလေးတွေနှောက်တာခံရပီးပီ"

"အခုက ယောကျာ်လေးမှာတာပါ "

"ဟဲ့ ယောကျာ်လေးတွေက ပိုမယုံရတာမလား ငွေလက်ခံထားတာမဟုတ်ဘူး နင်တော့ ကြီးပွားအုန်းမယ် "

ပွစိပွစိနဲ့ အိဖြူကို ကောင်တာနောက်တွန်းပို့ရင်း

"တော်တော့ မယူလည်း နင်ရတာပဲကို ငါ့ကို ကော်ဖီတခွက်ဖျော်ပေး"

"ပူနေတာ ice coffee ပဲသောက် "

မျက်စောင်းထိုးပီးကောင်တာနောက်ဝင်သွားတဲ့ သူငယ်ချင်းမကိုရီချင်ချင်ကြည့်ပီး ထိုင်နေကျ ဒေါင့်စားပွဲလေးမလွတ်တာကြောင့် ကောင်တာဘေးဝင်ထိုင်နေလိုက်သည်။ လက်ပေါ်ကနာရီကိုကြည့်တော့ငါးနာရီထိုးဖို့ ဆယ်မိနစ်ခန့်အလို။

စာငုံ့ဖတ်နေတုန်း  သူ့ဘေးက ဖြတ်သွားတဲ့ ရေမွှေးနံ့သင်းသင်း ရလိုက်ပေမဲ့ မော့မကြည့်ဖြစ်။ ဒီလို ဆိုင်လေးထဲ အကောင်းစားရေမွေးနံ့ရတာဘာမှမထူးဆန်းဘူးမဟုတ်လား။ သို့သော် လည်ရှည်ဘွတ်ဖိနပ်အနက်က သူ့ရှေ့မှာရပ်သွားတဲ့အခါတော့မော့ကြည့်လိုက်သည်။ မှတ်မိပါသည်။
မနေ့က သူ့ဆိုင်မှာပန်းလာဝယ်သွားတဲ့ ရုပ်ချောချောလူငယ်ဆိုတာ။ ဒါပေမဲ့ သူ့ဆီကပန်းမှာတာ ဒီလူငယ်ဟုတ်မဟုတ်မသေချာတာကြောင့်ဘာမှမပြောဖြစ်။

ထိုလူငယ်ကလည်း ကောင်တာ ပေါ် လက်တင်ရင်း

"အမ ကျတော့်ကို ice coffee ပေးပါ ရေခဲများများ "

"ရမယ်နော် ဒီနေ့တော့ပြောင်းသောက်ပီပေါ့ "

"သူပြောင်းသောက်ရင် ကျတော်လည်းပြောင်းသောက်ရမှာပေါ့ "

ရှိန်းWhere stories live. Discover now