Part 3

411 53 10
                                        

Parallel
Part 3

ဂျောင်ဆူး လက်ထဲက ဒီဇိုင်းပုံကြမ်းကို အပြန်ပြန်ကြည့်နေမိသည်။ စိတ်တိုင်းကို မကျဘူး။ အရောင်တွေကရော ဒီဇိုင်းရော မကြိုက်ဘူး။ အဆုံးသတ်ခါနီးမှ စိတ်ကိုနောက်ကျိအောင်လာလုပ်သွားတဲ့ ပတ်ချန်ယောလ်အပြစ်ပဲ။

"ရွိုင်း မင်းဒီဇိုင်းက မိုက်တယ်"

ကိုယ်က စိတ်တိုင်းမကျပါဘူးဆိုမှ လာချီးကျူးနေတဲ့ ဖီးလစ်ကို ဘုကြည့်ကြည့်ပစ်လိုက်သည်။

"ငါစိတ်တိုင်းမကျသေးဘူး ဖီးလစ် မင်းရော"

"မသိတော့ဘူးကွာ အဖွဲ့မှူးက လာတင်တော့တဲ့ သွားရအောင်"

"သွားမယ်"

ဂျောင်ဆူးက Fashion Design Major နဲ့ ဘွဲ့ရပြီးတော့ London ဖက်စပ် ဒီဇိုင်းကုမ္ပဏီတစ်ခုမှာ အလုပ်သင်ဝင်ခဲ့တာ အခုဆို လုပ်သက် ၂ နှစ်နီးပါးရှိနေပြီဖြစ်ပြီး ပြည်တွင်းပွဲတော်တော်များများတွင်လည်း သူ့လက်ရာ တစ်ခု နှစ်ခုလောက် ပါဝင်နေပြီဖြစ်သည်။ နိုင်ငံခြားကုမ္ပဏီနဲ့ဖက်စပ်လုပ်သည့် အားသာချက်က ပညာတော်သင် အစီအစဉ်များရှိနေခြင်းပင်ဖြစ်သည်။ ၆ လ တစ်ကြိမ် ဒီဇိုင်းပြိုင်ပွဲများရှိပြီး လန်ဒန်ဘက်မှ ကျွမ်းကျင်သူများက ရွေးချယ်ကာ ပညာတော်သင် ခေါ်တတ်သည်။ ဂျောင်ဆူးတို့ကတော့ ပညာတော်သင်အစီအစဉ်ပါဖို့ ဝေးသေးတယ်ဆိုပေမဲ့ အတတ်နိုင်ဆုံးတော့ ပြိုင်ပွဲတိုင်း အကောင်းဆုံးကြိုးစားပြီး ပြိုင်သည်။ပညာရပ်တစ်ခုကို အကြိမ်ကြိမ်လေ့ကျင့်နေခြင်းက တကယ့်လက်တွေ့မှာ အလွန်အသုံးဝင်သည်မဟုတ်လား။

"ရွိုင်း လက်ရာတွေတက်လာတာပဲ"

"ကျေးဇူးတင်ပါတယ်"

"ဒီတစ်ခေါက် ပညာတော်သင်က လက်သစ်တွေကို ပိုပြီး focus ထားမယ်လို့ကြားတယ်
ရွိုင်းရော ဖီးလစ်ရောကို ပါစေချင်တယ်"

"ပါခွင့်ရရင်တော့ အကောင်းဆုံးပေါ့ဆရာရယ်.."

ပျော်ပျော်နေတတ်တဲ့ ဖီးလစ်က အရွှန်းဖောက်သလို ခပ်နောက်နောက်ပြောသည်။ ဂျောင်ဆူးကတော့ အရွှန်းလည်းမဖောက်နိုင်သလို ရယ်ချင်စိတ်လည်းရှိမနေပေ။

|| P A R A L L E L ||Место, где живут истории. Откройте их для себя