Parallel
Part 6
လေယာဉ်ဘီးနှင့် ပြေးလမ်း ထိခတ်လိုက်သည့်အရှိန်ကြောင့် ငြိမ့်ခနဲဖြစ်သွားပြီး လေယာဉ်ပေါ်တွင် ငူငူကြီးလိုက်ပါလာသော ဂျောင်ဆူးက ပတ်ဝန်းကျင်ကို သတိထားကြည့်လိုက်သည်။ ရောက်ပြီ... လန်ဒန်ကို ရောက်နေခဲ့ပြီဖြစ်သည်။ တိုက်ရိုက်လေယာဉ်ကိုသာ စီးနင်းခဲ့သောကြောင့် ၁၂ နာရီဝန်းကျင်နှင့် ရောက်လာခဲ့ခြင်းဖြစ်သည်။ အိမ်ကထွက်လာပြီးနောက် ဟိုတယ်တစ်ခုမှာ တည်းနေပြီး နောက်နေ့ချက်ချင်း လန်ဒန်ကို ထွက်လာခဲ့တာဖြစ်သည်။ စိတ်နာစရာနေရာမှာ တစ်စက္ကန့်မှကို ဆက်မနေချင်တော့ပေ။
ကုမ္ပဏီက စီစဉ်ပေးသည့် လေယာဉ်ကိုတောင် မစောင့်တော့ဘဲ ကိုယ့်စားရိတ်နှင့်ကိုယ်လာခဲ့ခြင်းသာဖြစ်သည်။ အလွန်မျှော်လင့်ထားသော လန်ဒန်ရုံးခွဲမှ ပညာတော်သင် အခွင့်အရေးရခဲ့သော်လည်း ပျော်ရွှင်စွာလာခဲ့ရခြင်းတော့မဟုတ်ပေ။ ဂျောင်ဆူးက ကုမ္ပဏီမှ တက်ရောက်ခွင့် စာရွက်ရရချင်း ချန်ယောလ်ကို အရင်ပြချင်ခဲ့တာ။ တစ်ပတ်အတွင်း ပြင်ဆင်ပြီးသွားရမဲ့ကိစ္စကို ချန်ယောလ်ကို ပြောပြပြီး မသွားခင် အပြည့်အဝ အလွမ်းသယ်နေချင်ခဲ့သေးတာ။မိသားစုအပေါ်တောင် သိပ်သံယောဇဉ်မထားတတ်တဲ့ ဂျောင်ဆူးအတွက် ချန်ယောလ်ကပဲ အရာရာဖြစ်ခဲ့တာ။
ထိုတစ်ခုတည်းသော အရာကိုစွန့်လွှတ်လိုက်ပြီးတဲ့နောက် အိမ်ကိုတောင် အသိပေးမနေတော့ဘဲ ဒီလိုဝေးလံတဲ့နေရာကို တစ်ယောက်တည်း ထွက်လာခဲ့တာဖြစ်သည်။ စိတ်ရှုပ်လောက်အောင် စကားများတဲ့ ဖီးလစ်လည်း အတူတူသွားခွင့်ရပေမဲ့ သူကတော့ ကုမ္ပဏီအစီအစဉ်အတိုင်းလာမည်ဖြစ်သောကြောင့် ရက်ပိုင်းလောက်နောက်ကျနေဦးမည်ဖြစ်သည်။
နေဖို့ထိုင်ဖို့တော့ ကုမ္ပဏီက စီစဉ်ပေးသည့်အခန်းမှာပဲ နေဖြစ်မည်။ စားဖို့ကတော့ ကြည့်စီစဉ်ရမှာပဲဖြစ်သည်။ ဂျောင်ဆူးကလည်း ချက်တာပြုတ်တာနဲ့ပတ်သက်ပြီး ရေနွေးအိုး ပလပ်ထိုးတာကလွဲလို့ ဘာမှလုပ်တတ်မနေ။ Shit!! တစ်ခုခုဆို ပတ်ချန်ယောလ်ကိုပဲ သတိတရ အားကိုးနေတတ်တဲ့စိတ်ကို မုန်းလိုက်တာ။
ESTÁS LEYENDO
|| P A R A L L E L ||
Fanfictionမျဉ်းပြိုင်နှစ်ကြောင်းဟာ နီးကပ်နေသလောက် ဆုံမှတ်မရှိဘူး ခင်ဗျားနဲ့ကျွန်တော်ဟာ မျဉ်းပြိုင်.... (Unicode + Zawgyi)
