Part 17

288 43 8
                                    

Parallel
Part 17

လမ်းဘေးမှာ ကားထိုးရပ်ထားပြီး ခါအီက ဘယ်ကိုဆက်သွားလို့ သွားရမယ်မှန်းမသိ။
ရိပ်မိနေပြီးသားပေမဲ့ တကယ်တမ်း မြင်လာခဲ့ရတဲ့ မြင်ကွင်းကို မခံစားနိုင်လို့ ပြေးထွက်လာခဲ့မိတာဖြစ်သည်။ ရွိုင်းအဆင်ပြေရင် မောင်လည်းအဆင်ပြေတယ်လို့ ပြောခဲ့ပေမဲ့ တကယ်တမ်းလက်တွေ့ကတော့ ခက်ခဲနေတုန်းပဲ ဖြစ်သည်။ အစကတည်းက ကိုယ့်အတွက်မရှိခဲ့တဲ့နေရာကနေ ဖယ်ပေးရတော့မယ်ဆိုတော့ သွေးပျက်နေမိတာတော့ အမှန်ပင်။

ဘယ်လိုစိတ်နဲ့များ မောင်က ရွိုင်းကို ထားသွားရပါ့မလဲ။ မောင်ထားခဲ့ရတာထက် ရွိုင်းဘက်က အရင် ပြတ်သားပေးလာရင်တော့ မောင်က အငြင်းမရှိ လက်ခံပေးမိမှာပါ။ မောင့်အတွက်က တကယ်ကို ရွိုင်းပျော်ဖို့က အဓိကဖြစ်နေတာမို့လို့၊ ရွိုင်းရဲ့ အရယ်အပြုံးတွေက မောင် အသက်ရှင်နေရတဲ့ အကြောင်းအရင်းတွေမို့လို့ မောင့်အတွက် ရွိုင်းက အရာရာမို့လို့...။

ညသန်းခေါင်ကျော် ၃ နာရီလောက်အထိ ဘတ်ခ်ဟျွန်း ကားထဲမှာ ထိုင်နေတုန်းဖြစ်သည်။ သွားစရာပြီးရင် အိမ်ပြန်မည်ဟုပြောသွားသောကြောင့် ချန်ယောလ် တိုက်ခန်းအောက်တွင် စောင့်နေခဲ့သော်လည်း သန်းခေါင်ကျော်ပြီး အရုဏ်တက်ခါနီးအထိ ချန်ယောလ် ပြန်ရောက်မလာသေးပေ။ လှည့်ပြန်ရင်ကောင်းမလား စဉ်စားနေတုန်း ကျွီခနဲထိုးရပ်လာသည့် ကားပေါ်မှ ချန်ယောလ်က ဒယီးဒယိုင်နှင့် ဆင်းလာသည်။ မူးလာပုံရသောကြောင့်  ဘတ်ခ်ဟျွန်းကားပေါ်က အမြန်ပြေးဆင်းပြီး ချန်ယောလ်ကိုတွဲပေးလိုက်သည်။

"ဘယ်လောက်တောင် သောက်လာတာလဲ မွှန်ထူနေတာပဲ"

ချန်ယောလ်ကိုယ်လုံးကြီးကို မတ်နေအောင် မနည်းတွဲကူပေးပြီး တိုက်ခန်းပေါ်တက်ခဲ့သည်။

"ဘယ်သူလဲ အဆိုးလေးလား
မဟုတ်သေးပါဘူး အဆိုးလေးက ပြန်လာစရာမှမရှိတာ"

တစ်ယောက်တည်းပြောလိုက် ငိုလိုက်လုပ်နေသော ချန်ယောလ်ကို ဘတ်ခ်ဟျွန်းက လဲမကျသွားအောင် သေချာထိန်းထားရသဖြင့် လက်များပင်တောင့်လာသည်။ ချန်ယောလ် အခန်းရှေ့ရောက်တော့မှ ဘတ်ခ်ဟျွန်းမှာ ဖွင့်စရာသော့လည်းမရှိသလို လျှို့ဝှက်နံပါတ်လည်းမသိတာကို သတိရတော့သည်။ လေးပင်နေတဲ့ ကိုယ်လုံးကို လွှတ်ချလိုက်တော့ မူးနေတဲ့လူက နံရံကို ကျောမှီထားလျက် ခေါင်းငိုက်စိုက်ကျကာ နေနေသည်။

|| P A R A L L E L ||Donde viven las historias. Descúbrelo ahora